Healthy Life Ad
Health Tips

အမြဲတမ်း မှတ်ဉာဏ်ကောင်းစေမည့် နည်းခုနစ်သွယ်

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

လူ့ဦးနှောက်က ရှုပ်ထွေးတဲ့ စက်တစ်ခုလိုပါပဲ။ ဦးနှောက်က ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို သိပ္ပံပညာရှင်တွေ အဖြေရှာရင်း အံ့အားသင့်စရာ ကောင်းတယ်ဆိုတာကို တဖြည်းဖြည်း တွေ့လာရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မှတ်ဉာဏ်ထက်သန်စေဖို့ရာအတွက် လူတွေလုပ်ဆောင်နိုင်တဲ့ အချက်တွေရှိပါတယ်။

(၁) မှတ်ဉာဏ်ထုံထိုင်းစေသော အပြုအမူများကို ရှောင်ရှားခြင်း

တချို့အပြုအမူတွေက ဦးနှောက်ဆဲလ်တွေကို ထိခိုက်စေနိုင်ရုံသာမက မှတ်ဉာဏ်ကို ထုံထိုင်းစေပါတယ်။ အဲဒီအပြုအမူတွေကို ဂိမ်းကို အလွန်အကျွံ ကစားတာ၊ တီဗီကို အချိန်ကြာကြာကြည့်တာတို့လို အပြုအမူတွေပဲ ဖြစ်ပါတယ်။ ဒီအပြုအမူတွေက အသင့်အတင့် လုပ်ဆောင်ရင် ဦးနှောက်ကို ကျန်းမာစေပေမယ့် အကြာကြီးထိုင်ပြီး အချိန်များများ ပေးလိုက်ရင်တော့ အာရုံစူးစိုက်နိုင်စွမ်းကို လျော့နည်းစေပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းကို ထိခိုက်စေပါတယ်။

alignnone size-medium wp-image-63322
(၂) ဦးနှောက်အတွက် ကောင်းသောအစာကို ထည့်စားခြင်း

ဦးနှောက်ရဲ ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စေဖို့အတွက် တချို့အစာတွေက အသုံးဝင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေဖြစ်တဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်ကို ဆယ်လ်မွန်ငါးနဲ့ တူနာငါးတို့လို အဆီများတဲ့ ငါးတွေထဲမှာ တွေ့ရပါတယ်။ ဒီအစာတွေကို စားတာကြောင့် ဦးနှောက်မှာ အာဟာရဓာတ် ရရှိပြီး ဦးနှောက်ဆဲလ်အသစ်ဖြစ်ပေါ်စေဖို့ လိုအပ်တဲ့အရာတွေကို တည်ဆောက်ပေးပါတယ်။ ဦးနှောက်က အလုပ်ကောင်းကောင်း လုပ်နိုင်ဖို့ အင်တီအောက်ဆီးဒင့်လည်း များများလိုအပ်ပါတယ်။ မုန်လာဥနီ၊ ကြက်သွန်ဖြူ၊ ပန်းဂေါ်ဖီစိမ်း၊ စပျစ်သီး၊ ဘလူးဘယ်ရီသီး၊ သံလွင်ဆီတို့ကို များများစားတာကြောင့် ဦးနှောက်ကို ကျန်းမာစေပါတယ်။

alignnone size-medium wp-image-63323
(၃) ကိန်းဂဏန်း၊ တေးဂီတတို့ဖြင့် ဦးနှောက်ကို လေ့ကျင့်ခြင်း

ဦးနှောက်ကို လေ့ကျင့်နိုင်တဲ့ နည်းအမျိုးမျိုးရှိတဲ့အတွက် တေးသီချင်းတွေနဲ့ မှတ်ဉာဏ်ကောင်းအောင် လေ့ကျင့်နိုင်ပါတယ်။ ကဏန်းတွက်စက်မသုံးဘဲ သင်္ချာပုစ္ဆာတွေကို တွက်ချက်တာကြောင့်လည်း မှတ်ဉာဏ်ကောင်းစေပါတယ်။

(၄) အယ်လ်ကိုဟောပမာဏကို လျှော့ချခြင်း

ကွန်ပျူတာဂိမ်းကို အလွန်အကျွံကစားတာနဲ့ တီဗီအကြာကြီး ကြည့်တာတို့ကြောင့် ဦးနှောက်ကို ထိခိုက်စေနိုင်သလို အယ်လ်ကိုဟောကြောင့်လည်း ထိခိုက်စေနိုင်ပါတယ်။ အယ်လ်ကိုဟောဟာ မှတ်ဉာဏ်လုပ်ငန်းဆောင်တာကို နှေးစေပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းကို ဟန့်တားပေးပါတယ်။ ဒါ့အပြင် အရာရာကို ရှင်းရှင်းလင်းလင်း တွေးခေါ်နိုင်စွမ်း လျော့နည်းတတ်ပါတယ်။

(၅) ဘာသာစကားအသစ် သင်ယူခြင်း

ဘာသာစကားအသစ်ကို သင်ယူလေ့လာတာကလည်း ဦးနှောက်ကို လေ့ကျင့်နိုင်တဲ့ နည်းလမ်းကောင်းပါပဲ။ ဘာသာစကားနဲ့ ဆင်တူစကားလုံးတွေကို လေ့လာတာကြောင့် တွေးခေါ်မြော်မြင်နိုင်စွမ်း ပိုကောင်းလာတာကို သင်သတိပြုမိမှာပါ။

alignnone size-medium wp-image-63324
(၆) ဦးနှောက်ကောင်းစေသည့် ဂိမ်းကစားခြင်း

စကားလုံးတွေကို ဆက်ပြီး ကစားရတဲ့ လေ့ကျင့်ခန်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးပြီး မှတ်ဉာဏ်ထက်မြက်စေပါတယ်။ ဝေါဟာရကြွယ်ဝတဲ့အပြင် စိတ်ကိုပါ လန်းဆန်းစေတဲ့အတွက် ဉာဏ်ရည်ဉာဏ်သွေးကို ကောင်းမွန်စေပါတယ်။

(၇) စိတ်ရောကိုယ်ပါ အနားယူခြင်း

နောက်ဆုံးဆိုပေမယ့် အရေးကြီးဆုံးတစ်ခုက စိတ်ဖိစီးမှုကို ထိန်းချုပ်ဖို့ပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုနဲ့ ပူပင်သောကများတာဟာ တွေးခေါ်မြော်မြင်နိုင်စွမ်းကို ထိခိုက်စေပြီး ကျန်းမာရေးအပေါ် မကောင်းတဲ့ သက်ရောက်မှု ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုဟာ ပူပင်သောကများတာ၊ ကြောက်ရွံ့တုန်လှုပ်တာနဲ့ စိတ်ဓာတ်ကျတာတို့လို ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top