Healthy Life Ad
Life Style

ရာသီလာတာ ပုံမှန်မဟုတ်လို့ စိတ်ညစ်နေသလား

၊ လရိပ်မေ ၊

အမျိုးသမီးအများစုဟာ ပုံမှန်မဟုတ်တဲ့ ရာသီလာတဲ့ ပြဿနာကို ခံစားနေရပါတယ်။ ရာသီပုံမမှန်တဲ့ ပြဿနာက အကြောင်းရင်း အမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံ စိတ်ဖိစီးမှုများတာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်ပုံအမူအကျင့်၊ အစားလျှော့လွန်းတာနဲ့ လေ့ကျင့်ခန်းကို အပြင်းအထန်ပြုလုပ်တာ စတဲ့ အကြောင်းရင်းတွေကြောင့်လည်း ရာသီလာတာ ပုံမမှန်ဖြစ်တတ်ပါတယ်။ ဘဝနေထိုင် စားသောက်မှုပုံစံကို ကောင်းအောင်ပြုပြင် ပြောင်းလဲနိုင်မယ်ဆိုရင် ပုံမမှန်ရာသီလာတာ၊ ရာသီလာစဉ် မအီမသာဖြစ်တာ စတဲ့ ပြဿနာတွေကိုပါ ဖြေရှင်းပေးနိုင်ပါတယ်။

dreamveggies2
သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်
အာဟာရချို့တဲ့ရင်လည်း ပုံမှန်ရာသီစက်ဝန်းကို အားနည်းစေနိုင်ပါတယ်။ လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားတာကြောင့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ရရှိပြီး အမျိုးသမီးတွေရဲ့ မျိုးဆက်ပွားစနစ် လုပ်ငန်းဆောင်တာကို ကောင်းကောင်းဆောင်ရွက်နိုင်ပါလိမ့်မယ်။

611115
သံဓာတ်ကြွယ်ဝသည့် အသား
ရာသီလာတာများလွန်းတဲ့အခါ ခန္ဓာကိုယ်ကနေ အဓိက ဆုံးရှုံးလေ့ရှိတဲ့ သတ္တုဓာတ်နှစ်မျိုးက ဇင့်(သွပ်) ဓာတ်နဲ့ သံဓာတ်ပဲ ဖြစ်ပါတယ်။ အဲဒီသတ္တုဓာတ်တွေ များများပါဝင်တဲ့ အသား (ဥပမာ အဆီနည်း အမဲသား)ဟာ ဟော်မုန်း ဟန်ချက်ညီဖို့ လိုအပ်တဲ့ ပရိုတင်းဓာတ်လည်း ပါဝင်မှုများပါတယ်။

bitter-Gorud
ကြက်ဟင်းခါးသီး
ကြက်ဟင်းခါးသီးဟာ ပုံမမှန်ရာသီလာတာကို သက်သာစေပါတယ်။ ကြက်ဟင်းခါးသီးအရည်
သောက်သုံးတာကြောင့် အမျိုးသမီးဟော်မုန်းအဆင့် ကို တည်ငြိမ်စေပြီး ရာသီစက်ဝန်းကို ပုံမှန်ဖြစ်စေပါတယ်။ ကြက်ဟင်းခါးသီးမှာ ဇင့်(သွပ်)ဓာတ်နဲ့ သံဓာတ် ပါဝင်မှု ရှိပါတယ်။

31
စမုံစပါး
စမုံစပါးဟာ ရာသီပုံမှန်လာအောင် ထိန်းချုပ်ပေးပါတယ်။ စမုံစပါးစေ့ဟာ ရာသီအကြိုဝေဒနာနဲ့ ရာသီလာစဉ် ကိုက်ခဲနာကျင်တဲ့ ရောဂါလက္ခဏာတွေကို သက်သာစေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ စမုံစပါးစေ့မှီဝဲတာကြောင့် ကိုက်ခဲနာကျင်မှု သက်သာပြီး ရာသီစက်ဝန်းကို ထိန်းချုပ်ပေးတဲ့အပြင် ရာသီ ပုံမမှန်လာတာကို သက်သာစေပါတယ်။ မနက်ခင်းမှာ ရေထဲ စမုံစပါးစိမ်ပြီး သောက်ပါ။

971649_1382329505349074_1332778277_n
သင်္ဘောသီး
သင်္ဘောသီးအစိမ်း စားတာကြောင့် အမျိုးသမီး ဟော်မုန်း အီစထရိုဂျင်ကို အထွက်တိုးစေပြီး ရာသီလာတာကို ပုံမမှန်ဖြစ်စေပါတယ်။

bigstock-Basil-leaves-in-a-cup-44455909
ပင်စိမ်း
ပင်စိမ်းမှာ အကိုက်အခဲပျောက်အာနိသင် ပါရှိတာကြောင့် ရာသီလာစဉ် ကိုက်ခဲနာကျင်တဲ့ ဝေဒနာ နဲ့ ရာသီပုံမမှန်လာတာတွေကို သက်သာစေပါတယ်။ ပင်စိမ်းကို ဟင်းလျာအမျိုးမျိုးထဲ ထည့်စားလို့ရပါတယ်။ ပင်စိမ်းကို ဆူပွက်နေတဲ့ ရေတစ်ခွက်ထဲစိမ်ပြီး ရေနွေးကြမ်းသောက်သလို သောက်ပေးပါ။

ginger_tea
ချင်း(ဂျင်း)လက်ဖက်ရည်
အဆစ်ရောင်နာ၊ ကိုလက်စထရောများတာ၊ တစ်ကိုယ်လုံး ရောင်ရမ်းတာ၊ ဗိုက်အောင့်တာ၊ အအေးမိတာ၊ တုပ်ကွေးဖြစ်တာ၊ အစားမစားနိုင်ဘဲ နုံးချည့်တာ စတဲ့ ကျန်းမာရေး ပြဿနာတွေအတွက် ချင်း(ဂျင်း)က အသုံးဝင်ပါတယ်။ ရာသီလာစဉ် ကိုက်ခဲနာကျင်ပြီး ရာသီမမှန်တဲ့ ပြဿနာအတွက် ချင်း(ဂျင်း) လက်ဖက်ရည် သောက်သင့်ပါတယ်။

Hawaii, Maui, Silhouette Of Beautiful Girl Doing Yoga On The Beach.
စိတ်ဖိစီးမှုကို ထိန်းချုပ်ခြင်း
ရာသီစက်ဝန်း ပုံမမှန်ဖြစ်ရတဲ့ အကြောင်းရင်း တစ်ခုက စိတ်ဖိစီးမှုများလွန်းလို့ ဖြစ်ပါတယ်။ စိတ်ဖိ စီးမှုများတာက သင့်ရာသီစက်ဝန်းကို ကမောက်ကမ ဖြစ်စေတဲ့အတွက် စိတ်တည်ငြိမ်အေးချမ်းအောင် ထားသင့်ပါတယ်။ နှိပ်နယ်တာ၊ ယောဂကျင့်တာ၊ စာရေးတာနဲ့ တေးသီချင်း နားဆင်တာ စတာတွေက စိတ်ဖိစီးမှုကို တွန်းလှန်နိုင်စွမ်း ရှိတဲ့ နည်းတွေ ဖြစ်ပါတယ်။
( Ref;HD )

Most Popular

Healthy Life Ad
To Top