Healthy Life Ad
Health Tips

ကိုယ်ဝန်ဆောင်၊ ကလေးမွေးပြီး ဗိုက်အဆီ လျော့ကျစေဖို့ဆိုရင်

ငွေကြယ်စင်ယံ

ကလေးမွေးပြီးချိန်မှာ အမျိုးသမီးတွေက ဗိုက်ကြောပြတ်ရာနဲ့ ဝမ်းဗိုက်မှာ အမည်းလိုင်း ထင်းတတ်ပါတယ်။ ဒါ့အပြင် ဗိုက်ကလည်း ပူနေတတ်သလို ဗိုက်ပူတာ လျော့ကျဖို့အတွက် အချိန် ယူရပါတယ်။ ကလေးမွေးပြီးချိန်မှာ ကလေးမမွေး ခင်မှာ ပိုင်ဆိုင်ခဲ့တဲ့ ခန္ဓာကိုယ်အချိုးအစားပိုင် ဆိုင်ဖို့ဆိုရင် အချိန်ယူဖို့လိုပါတယ်။ ကလေး မွေးပြီးချိန်မှာ ဗိုက်အဆီ လျော့ကျစေဖို့ အမြန်ဆုံးနဲ့ အထိရောက်ဆုံး နည်းတွေကို ကျင့်သုံးသင့်ပါတယ်။

မိခင်နို့ချို တိုက်ကျွေးခြင်း

မိခင်နို့ချို တိုက်ကျွေးတာက ကိုယ်ဝန်ရှိစဉ် မြင့်တက်ခဲ့တဲ့ အပို ကိုယ်အလေးချိန်ကို လျော့ကျ စေပါတယ်။ မိခင်နို့ချိုထွက်ရှိဖို့ရာအတွက် ခန္ဓာကိုယ်က ကယ်လိုရီ အများအပြား လောင်ကျွမ်းရတာကြောင် ့ဖြစ်ပါတယ်။ ကလေးကို မိခင်နို့ချို မတိုက် သူတွေထက် မိခင်နို့ချို တိုက်ကျွေးသူတွေက ကိုယ်အလေးချိန် မြန်မြန် လျော့ကျရပါတယ်။

လေ့ကျင့်ခန်း ပြုလုပ်ခြင်း

ကိုယ်ဝန်ဆောင် ကလေးမွေးပြီးချိန်မှာ ဗိုက် အဆီလျော့ကျစေဖို့ လုပ်သင့်တဲ့ လှုပ်ရှားမှုတစ်ခုက ယောဂကျင့်တာ၊ လမ်းလျှောက်တာတွေပဲ ဖြစ်ပါတယ်။ ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်တာက ဝမ်းဗိုက် ချပ်ရပ်စေပါတယ်။

အစားအသောက် ထိန်းချုပ်ခြင်း

ကလေးမွေးပြီးချိန်မှာ အစားအသောက်ကို ထိန်းချုပ်စားတာကြောင့် ကယ်လိုရီအပိုတွေကို လျော့ကျစေပါတယ်။ ဒါပေမဲ့ မိခင်နို့ချို တိုက်ကျွေးနေချိန်မှာ အစားမလျှော့ပါနဲ့ဦး။ အဆီအအိမ့်များတဲ့ အစာတွေကိုပဲ ရှောင်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top