ငွေကြယ်စင်ယံ
အိုမင်းတယ်ဆိုတာမလွဲမသွေကြုံတွေ့ရမယ့် သဘာဝတရားပါ။ဒါပေမဲ့ခွဲစိတ်ပြုပြင်မှုတွေမခံယူဘဲအသက်ကြီးပေမယ့် အမြဲအရွယ်တင်နုပျိုကြည့်ကောင်းနေ ဖို့ရာအတွက် ရိုးစင်းတဲ့ နည်းလေးတွေကို လိုက်နာသင့်ပါတယ်။
(၁) ပျော်ပျော်နေပါ
အခြေခံအားဖြင့် ပြောရရင် စိတ်ဖိစီးမှုကြောင့် အိုမင်းတဲ့ ပုံပေါက်တတ်ပါတယ်။ စိတ်ဖိစီးမှုများရင် အရေးကြောင်းတွေ ထင်ပြီး ရုပ်ရင့်နေတတ်ပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် စိတ်မဆိုးလိုက်ပါနဲ့။ စိတ်ရော ကိုယ်ပါ တက်ကြွပျော်ရွှင်နေရင် သင်နုပျိုကြည့် ကောင်းနေမှာပါ။
(၂) ရေများများ သောက်ပါ
တစ်နေ့ရေနှစ်လီတာသောက်တာကြောင့် မနက်ခင်းမှာ စွမ်းအင်အပြည့်ရှိနေမှာပါ။ ရေဓာတ်ပြည့်ဝရင် အသားအရေလည်း ကြည်လင်နေပါလိမ့်မယ်။
(၃) နုပျိုအောင် ဝတ်ဆင်ပါ
အသက် ၄၀ အရွယ်မှာ ဆယ်ကျော်သက်လို ဝတ်ဆင်ဖို့ ပြောတာ မဟုတ်ပါဘူး။ ဖက်ရှင်ကျကျနဲ့ သပ်သပ်ရပ်ရပ် ဝတ်ဆင်ဖို့ လိုပါတယ်။ ခန္ဓာကိုယ် ချပ်ရပ်ကြည့်ကောင်းအောင် ဝတ်ဆင်ပြီး အရောင် နုနုလေးတွေ ရွေးဝတ်ရင် နုပျိုနေမှာပါ။
(၄) မျက်နှာအသားအရေ ဂရုစိုက်ပါ
အမျိုးသမီးတွေက မျက်ခုံးမွှေးပုံဖော်ပြီးမျက်ခုံး မွှေးခဲတံနဲ့ ဆွဲပေးပါ။ ထင်ရှားတဲ့ မျက်ခုံးအလှက မျက်နှာနုပျိုမှုကို ပံ့ပိုးပေးနိုင်ပါတယ်။ လက်သည်း၊
ခြေသည်းပြုပြင်ဖို့လည်း မမေ့ပါနဲ့။ တစ်ခုသတိပေး ချင်တာက မိတ်ကပ်ထူထူမလိမ်းဖို့ပဲဖြစ်ပါတယ်။
(၅) အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်လုပ်ပါ
အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်လုပ်ပေးတာကြောင့် ခန္ဓာကိုယ်ထဲမှာ သွေးလှည့်ပတ်မှု ကောင်းစေပြီး အသားအရေ ကြည်လင်နုပျိုစေပါတယ်။