Healthy Life Ad
Health Tips

တစ်နေ့လုံး စိတ်ရော ကိုယ်ပါတက်ကြွနေစေမည့် နည်းလမ်း ၁၂ သွယ်

ငွေကြယ်စင်ယံ

(၁) ရေတစ်ဖန်ခွက်သောက်ပါ

မနက် အိပ်ရာနိုးတဲ့အခါ ရေတစ်ဖန်ခွက် သောက်ပေးရင် တစ်နေ့လုံး လန်းဆန်းနေမှာပါ။

(၂) လှုပ်ရှားမှုလုပ်ပြီး ချွေးထုတ်ပါ

နေ့စဉ် လေ့ကျင့်ခန်းလုပ်ဆောင်တာကြောင့် စွမ်းအင်အဆင့်

မြင့်တက်စေပြီး စိတ်ခံစားမှုကာင်းကာ စိတ်ဖိစီးမှုလျော့ပါးစေပါတယ်။

(၃) အနားယူပါ

လုံလောက်တဲ့ အနားယူမှုရှိတာကြောင့် စွမ်းအင်တိုးကာ   ပျော်ရွှင်တက်ကြွနေမှာပါ။

(၄) ဦးစားပေးလုပ်ဆောင်ရမည့် ထိပ်တန်းအလုပ် သုံးခု စာရင်းပြုစုပါ

နံနက်မိုးလင်းတာနဲ့ ဒီနေ့ ပြီးမြောက်အောင် လုပ်ဆောင်မယ့် အရာသုံးခုကို စာထဲချရေးလိုက်ပါ။

(၅)   ၅၀/၁၀ စည်းမျဉ်းချမှတ်ပါ

မိနစ် ၅၀ အလုပ်လုပ်ပြီးတိုင်း ၁၀ မိနစ် အနားယူပါ။ ထိုင်ပြီး မိနစ် ၅၀ အလုပ်လုပ်ရင် ၁၀မိနစ်ကို မတ်တပ်ရပ်တာ၊ လမ်းလျှောက်တာတို့ လုပ်ပေးပါ။

(၆) တစ်နေ့ ၁၀ မိနစ် သုံးသပ်ပါ

ဒီတစ်နေ့လုံး ကိုယ်ဘာတွေ တိုးတက်ခဲ့သလဲ၊ ဘယ်သူတွေကို   ကာင်းကျိုးပြုခဲ့နိုင်သလဲ၊ ကိုယ့်စိတ်ထားက ဖြူစင်ရဲ့လား၊    ဘယ်လောက်ဒေါသထွက်ခဲ့သလဲစသဖြင့် အချိန် ၁၀ မိနစ်ပေးပြီး သုံးသပ်ကြည့်ပါ။ ဒီအကျင့်က သင့်အတွက် အကျိုးရှိတဲ့နေ့ရက်  တွေကို တည်ဆောက်သွားနိုင်မှာပါ

(၇) စာဖတ်ပါ

စာဖတ်တာကြောင့် ဗဟုသုတတိုးပြီး အတွေးအခေါ် ရင့်သန်လာစေပါတယ်။

(၈) လေ့လာပါ

လေ့လာသင်ယူတာက သင့်အစွမ်းအစကို ပိုတိုးလာစေပါတယ်။

(၉) တွေးခေါ်ပါ

ဦးနှောက်ခြောက်တယ်လို့ မခံယူဘဲ တွေးခေါ်တတ်တဲ့ အကျင့်လုပ်ဆောင်ပေးပါ။

(၁၀) ကျေးဇူးတရားကို အသိအမှတ်ပြုပါ

နံနက်တိုင်း ကျေးဇူးတင်ရမယ့် အရာ ၁၀ ခုကို စဉ်းစားလိုက်ပါ၊ ဘဝမှာ ပိုနေပျော်လာမှာပါ။

(၁၁) အလုပ်စားပွဲကို ရှင်းလင်းပါ

အလုပ်စားပွဲက ရှင်းလင်းသပ်ရပ်နေရင်အလုပ်ထဲမှာ အာရုံစူး  စိုက်မှု ကောင်းပြီး စွမ်းအင်တိုးနေမှာပါ။

(၁၂) အနှစ်သက်ဆုံး အရာများ လုပ်ဆောင်ပါ

အိမ်မွေးတိရစ္ဆာန်နဲ့ အတူ ကစားတာ၊ စက်ဘီးစီးတာစသဖြင့် သင်အနှစ်သက်ဆုံး ဝါသနာကို လုပ်ဆောင်ပေးပါ။

Most Popular

Healthy Life Ad
To Top