Healthy Life Ad
Life Style

လေးပတ်အတွင်း ဗိုက်ချပ်ရပ်စေမည့် ရိုးစင်းသော နည်းလေးသွယ်

၊ လရိပ်မေ ၊

ဝမ်းဗိုက်ချပ်ရပ်အောင် ပြုလုပ်ရတာက သိပ်မခက်ပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားဖို့လိုသလိုအမြဲတမ်း စမတ်ကျကျနေထိုင်တတ်ဖို့လည်း လိုပါတယ်။ နောက်တစ်ချက်က လေ့ကျင့်ခန်းလေးတွေကို ပုံမှန်ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၁) Plank
သင့်ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ် လက်တံတောင်နဲ့ ခြေချောင်းတွေ ထောက်ပြီး ဝမ်းလျားမှောက်နေပါ။ သင့်ခန္ဓာကိုယ်ဟာ ဦးခေါင်းကနေ ခြေဖျားအထိ အဖြောင့်အတိုင်း ရှိနေသင့်ပါတယ်။

လေ့ကျင့်ခန်း (၂) Side Plank
လက်မောင်းတစ်ဖက်တည်းပေါ်ထောက်ပြီး တခြားလက်တစ်ဖက်ကိုအပေါ်မြှင့်ကာ ဆန့်တန်းထုတ်ပါ။ တင်ပါးနဲ့ ခါးကိုမြှင့်ပြီး လက်မောင်းနဲ့ ခြေထောက်ပေါ်မှာ ကိုယ်နေဟန်ကိုဟန်ချက်ညီအောင်နေပါ။

လေ့ကျင့်ခန်း (၃) Backwards Push-ups
လက်တွေနဲ့ ခြေထောက်တွေထောက်ပြီး တင်ပါးကို ကြမ်းပြင်ကနေ ဖြည်းဖြည်းချင်းမြှင့်ပေးပါ။ လက်တံတောင်တွေကို အားပြုရပါမယ်။

လေ့ကျင့်ခန်း (၄) Sit-ups
ပက်လက်လှန်လှဲလျောင်းပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကိုလည်း မြှင့်ကာ လက်မောင်းနဲ့အတူ ရှေ့ဆန့်ပါ။ ဝမ်းဗိုက်ကြွက်သားတွေကို သင်တတ်နိုင်သလောက် သန်စွမ်းအောင်လုပ်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top