Healthy Life Ad
Health Tips

လက်ဖက်ရည်ကြမ်း၏ ကျန်းမာရေး ကောင်းကျိုးများ

၊ ငွေကြယ်စင်ယံ ၊

ရှေးကတည်းက သောက်သုံးလာခဲ့ကြတဲ့ ရေနွေးကြမ်းလို့ ခေါ်တဲ့ လက်ဖက်ရည်ကြမ်းမှာ အာဟာရပြည့်ဝတဲ့ ဒြပ်ပေါင်းတွေ ပါဝင်ပြီး အင်တီအောက်ဆီးဒင့် အစွမ်းရှိတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်လှပါတယ်။

(၁) လက်ဖက်ရည်ကြမ်းဟာ သွေးတွင်း ထရိုင်ဂလစ်ဆရိုက် အဆီတွေကို လျော့ကျစေရုံသာမက မကောင်း တဲ့ ကိုလက်စထရော ဓာတ်ကိုပါ လျော့ပါးစေတာကြောင့် နှလုံးကျန်းမာ စေပါတယ်။

(၂) လက်ဖက်ရည်ကြမ်းဟာ သွေးလွှတ်ကြောတွေကို ကျန်းမာစေပြီး နှလုံးရောဂါထခြင်း (Heart Attack)ကိုလျော့ကျစေတာကြောင့်
နှလုံးကျန်းမာရေးကို ကောင်းမွန်စေတာ ဖြစ်ပါတယ်။

(၃) ကိုယ်အလေးချိန် လျှော့ချင်တယ်၊ ထိန်းချင်တယ် ဆိုရင် ရေနွေးကြမ်းထဲ သကြားမထည့်ပါနဲ့။ အဲဒီအစား ပျားရည်ထည့်သောက်ပါ။

(၄) မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကြောင့် ကင်ဆာရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါနဲ့ ကိုယ်တွင်း သွေးခဲတာ စတာတွေ
ဖြစ်တတ်ပါတယ်။ ရေနွေးကြမ်းကို သံပရိုသီးစိတ် ညှစ်ထည့်ပြီး သောက်တာကြောင့် မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေပါတယ်။

(၅) လက်ဖက်ရည်ကြမ်းထဲမှာ ပါဝင်တဲ့ TF-2 ဒြပ်ပေါင်းတွေဟာ ကင်ဆာဆဲလ်တွေကို လျော့ကျစေပြီး ကင်ဆာကို ထိထိရောက်ရောက် ကုသနိုင်ပါတယ်။

(၆) လက်ဖက်ရည်ကြမ်းက စွမ်းအားဖြည့် အရည်ပါ။ လက်ဖက်ရည်ကြမ်း သောက်လိုက်တာကြောင့် ဦးနှောက်ထဲ သွေးစီးဆင်းမှု
ကောင်းစေပြီး ဦးနှောက် လုပ်ငန်းဆောင်တာ၊ ဇီဝရုပ်ဖြစ်ပျက်မှုနဲ့ တက်မှု တို့ကို လှုံ့ဆော်ပေးနိုင်ပါတယ်။

(၇) လက်ဖက်ရည်ကြမ်းဟာ ခန္ဓာကိုယ်ထဲမှာ ဘက်တီးရီးယား ကြီးထွားမှုမဖြစ်အောင် ကန့်သတ်ပိတ်ပင် ဟန့်တားတတ်ပါတယ်။ အကြောင်းကတော့ လက်ဖက်ရည်ကြမ်းမှာ ပိုလီဖီနော ပါဝင်တဲ့အတွက် ခံတွင်းကျန်းမာရေး ကောင်းစေတာကြောင့် ဖြစ်ပါတယ်။

(၈) လက်ဖက်ရည်ကြမ်းမှာ ပါဝင်တဲ့ တန်နင်ဓာတ်ဟာ အစာခြေလမ်းကြောင်းကို ကျန်းမာစေပါတယ်။ တန်နင်ဓာတ်က အစာအိမ်နဲ့ အူလမ်းကြောင်း ဝေဒနာတွေကို ကင်းစင်စေလို့ ဖြစ်ပါတယ်။

(၉) တန်နင်ဓာတ်ဟာ ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်တွေ၊ အအေးမိဝေဒနာနဲ့ တုပ်ကွေးပိုး စတာတွေကို တွန်းလှန်တဲ့နည်းနဲ့ ခန္ဓာကိုယ်ကို ကူညီနေပါတယ်။

(၁၀) လက်ဖက်ရည်ကြမ်းဟာ စိတ်ဖိစီးမှုကို သက်သာစေပါတယ်။ လက်ဖက်ရည်ကြမ်းမှာ ပါတဲ့ L – theanine ဒြပ်ပေါင်းဟာ ခန္ဓာကိုယ်ကို အနားရစေပြီး အာရုံစူးစိုက်နိုင်စွမ်း ကောင်းမွန်ကာ စိတ်ဖိစီးမှု ဟော်မုန်းတွေကို လျော့ကျစေလို့ ဖြစ်ပါတယ်။

(၁၁) လက်ဖက်ရည်ကြမ်းမှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေက ပါကင်ဆန်ရောဂါကို ကုသနိုင်ပြီး အနာကျက်နိုင်စွမ်း
ကောင်းမွန်စေကာ ဒီအင်န်အေ ထိခိုက်မှုကို ပြန်လည်ပြုပြင် ပေးနိုင်စွမ်းရှိပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top