Healthy Life Ad
Health Tips

လည်ပင်းတောင့်တင်း နာကျင်ခြင်းအတွက် စက္ကန့် ၆၀ ဖြေရှင်းနည်း

ငွေကြယ်စင်ယ

လည်ပင်းတောင့်တင်း နာကျင်တာက ပြင်းထန်တဲ့ ဝေဒနာ တစ်ခု မဟုတ်ပေမယ့် တစ်နေ့တာ လုပ်ဆောင်မှုတွေကို ထိခိုက်စေပြီး အိပ်ရေးပျက်တဲ့အထိ ဖြစ်တတ်ပါတယ်။ အလုပ်ထဲမှာ ကိုယ်ဟန် အနေအထား မမှန်တာကြောင့် လည်ပင်းတောင့်တင်း နာကျင်မှု အဖြစ်များသလို အိပ်စက်တဲ့ အနေအထား မမှန်တာ၊ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒဏ် ဖြစ်တာ တို့ကြောင့်လည်း လည်ပင်းတောင့်တင်းနာ ကျင်ရတတ်ပါတယ်။ လည်ပင်းတောင့်တင်း နာကျင်မှု ဝေဒနာ ခံစားရရင် စက္ကန့် ၆၀ (တစ်မိနစ်)အတွင်း သက်သာရာရစေဖို့ အကြံပြုပါရစေ။
အဆင့် (၁)
နာကျင်သည့် နေရာဘက်က လက်ကို သုံးပါ
လည်ပင်းရဲ့ ညာဘက် ဒါမှမဟုတ် ကျောအပေါ်ပိုင်း တောင့်တင်းနေရင် ညာလက်ကို သုံးပါ။ ဒါမှမဟုတ် ဘယ်ဘက်ပိုင်း နာကျင်တောင့်တင်း နေရင် ဘယ်လက်ကိုသုံးပါ။
အဆင့် (၂)
ဖိအားသုံးပြီး လက်ချောင်းများဖြင့် ဖိနှိပ်ပေးပါ
လက်ချောင်းတွေနဲ့ နာကျင်တဲ့နေရာကို ဖိနှိပ် ပေးတဲ့အခါ စူးစူးရှရှ နာတဲ့နေရာကို သတိပြုမိပါလိမ့်မယ်။ ဒါမှမဟုတ် တင်းနစ်ဘောလုံး သုံးပြီး အဲဒီနေရာကို ဖိနှိပ်ပေးပါ။
အဆင့် (၃)
ခေါင်းကို လည်ပင်း တောင့်တင်းသည့် ဘက်သို့ ဖြည်းဖြည်းချင်း လှည့်ပြီး ပြန်တည့်ပေးပါ
နာတဲ့ လည်ပင်းနေရာ တောင့်တင်းမှု ပြေလျော့စေဖို့ မေးစေ့နဲ့သင့်ချိုင်း(ဂျိုင်း)နေရာကိုထိအောင် ဆွဲဆန့်ပေးပါ။
အဆင့် (၄)
အဆင့် (၁)၊ (၂)၊ (၃) ကို ၂၀ ကြိမ် ဆက်တိုက် လုပ်ပေးပါ
အဆင့်(၁)၊ (၂)၊ (၃)ကို ဆက်တိုက်လုပ်ပြီးတဲ့ အခါ လည်ပင်းတောင့်တင်းမှု သက်သာသွားမှာပါ။
အဆင့် (၅)
ရေအေးဝတ် ကပ်ပေးပါ
ပလတ်စတစ်အိတ်ထဲ ရေခဲတုံးထည့်ပြီး တောင့်တင်းနာကျင်တဲ့ လည်ပင်းပေါ် ကပ်ပေးပါ။ ပြီးရင် တဘက် အုပ်ထားပေးပါ။ မိနစ် ၂၀ လောက် ကပ်ပေးရင် သက်သာစေပါတယ်။

Most Popular

Healthy Life Ad
To Top