Healthy Life Ad
Life Style

ရေခဲတုံး၏ အလှအပအစွမ်း

———၊ လရိပ်မေ ၊———

မိတ်ကပ်လိမ်းရာတွင် အဆင်ပြေစေခြင်း

မိတ်ကပ်မလိမ်းခင် ရေခဲတုံးကို မျက်နှာပေါ်ပွတ်လိမ်းပေးတာကြောင့် ချွေးပေါက်ကျဉ်းစေပြီး အသားအရေကို လန်းဆန်းစေကာ မိတ်ကပ်ကြာကြာ ခံစေပါတယ်။

မျက်ခုံးနုတ်ရာမှာ နာကျင်ခြင်း

မျက်ခုံးမွှေးမနုတ်ခင် အရေပြားပေါ် ရေခဲတုံးကပ်ပြီး ပွတ်ပေးတာကြောင့် မျက်ခုံးမွှေးနုတ်တာကြောင့်ဖြစ်တဲ့ နာကျင်မှုကို လျော့ပါးသက်သာစေပါတယ်။

အသားအရေတောက်ပခြင်း

မျက်နှာအရေးကြောင်းတွေကို ကုသဖို့ ရေခဲတုံးကိုသုံးပါ။ ရေခဲတုံးနဲ့ မျက်နှာကို ပွတ်သပ်ပေးတာကြောင့် သွေးလှည့်ပတ်မှုကောင်းစေပြီး မျက်နှာပင့်တင်သလို ဖြစ်စေပါတယ်။

မျက်လုံးဖောင်းအစ်ခြင်း

မျက်လုံးဖောင်းအစ်တာနဲ့ မျက်ကွင်းညိုတာတို့ ဖြစ်နေရင် ရေခဲတုံးနဲ့ ဖိနှိပ်ပေးသင့်ပါတယ်။

အရေပြားနီမြန်းရောင်ရမ်းမှု

မျက်နှာအရေပြား နီမြန်းရောင်ရမ်းနေရင် ရေခဲတုံးဖိကပ်ပေးပါ။

Most Popular

Healthy Life Ad
To Top