Healthy Life Ad
Health Tips

အိပ်မက်အကြောင်း တမူထူးခြား အချက် ၁၃ ရပ်

၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊

သင်အိပ်စက်တဲ့အခါ သင့်ဦးနှောက်ထဲ ဘာတွေ ဖြစ်ပျက်သွားသလဲ။ သင့်အိပ်မက်တွေက ဘာကို ဆိုလိုနေသလဲ၊ သင့်အိပ်မက်နဲ့ သက်ဆိုင်တဲ့ ဆန်းပြားတဲ့ အချက်တွေကို လေ့လာကြည့်ကြရအောင်။

အိပ်မက်မက်တယ်ဆိုတာ ဦးနှောက်ရဲ့ သဘာဝ လုပ်ငန်းဆောင်တာပါ။ လူတိုင်း အိပ်မက် မက်ကြပါတယ်။ ဒါပေမဲ့ တချို့လူတွေက သူတို့အိပ်မက်ကို မမှတ်မိကြဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

အရှည်ဆုံး အိပ်မက်က ၄၅ မိနစ်ကျော်ကြာ မက်ပြီး နံနက်ခင်းမှာ မက်လေ့ရှိပါတယ်။

တစ်ညမှာ အိပ်မက် မက်လို့ ကုန်သွားတဲ့အချိန်က ပျမ်းမျှအားဖြင့် ၂ နာရီလောက် ရှိပါတယ်။

အိပ်မက် မက်တဲ့အချိန်အတွင်း ကောင်းတဲ့ စိတ်ခံစားမှု့ထက် ပူပင်စိတ်၊ စိုးရိမ်စိတ်များတာလို မကောင်းတဲ့ စိတ်ခံစားမှု့ကို ပိုခံစားရလေ့ ရှိပါတယ်။

အိပ်မက်မက်ချိန်အတွင်း အမျိုးသားကော အမျိုးသမီးပါ လိင်စိတ် နိုးကြွနိုင်တယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။

ဆေးလိပ်သောက်တဲ့ အကျင့်ဖြတ်ပြီး အတော်ကြာတာတောင် လူတွေဟာ အိပ်မက်ထဲမှာ ဆေးလိပ်သောက်တဲ့ အိပ်မက်တွေကို မက်နေဆဲ ဖြစ်ပါတယ်။

စိတ် ကစဉ့်ကလျားရောဂါ ခံစားနေရသူတွေက ပုံမမှန်တဲ့ အိပ်မောကျတဲ့ ဝေဒနာခံစားနေရပြီး သူတို့မှာ ဖြစ်ပေါ်နေတဲ့ အထင်မှား၊ အမြင်မှားတဲ့ စိတ်ဝေဒနာလက္ခဏာတွေက “စိတ်ကူးယဉ် အိပ်မက်”တွေနဲ့ တူနေပါတယ်။

ကိုယ်ဝန်ဆောင်စဉ် အိပ်မက်ဆိုး မက်တဲ့ အမျိုးသမီးတွေက မမက်တဲ့ အမျိုးသမီးတွေထက် ကလေးမွေးရ ပိုလွယ်တယ်လို့ လေ့လာမှု့တွေအရ သိရပါတယ်။

ရှေးအင်္ဂလိပ်စာလုံးမှာ အိပ်မက်ဆိုတာ “ပျော်ရွှင်မှု”၊ “တေးဂီတ” ဒါမှမဟုတ် “ရယ်ရွှင်မြူးထူးခြင်း”စတဲ့ အဓိပ္ပာယ်တွေ ရတယ်လို့ ဆိုကြပါတယ်။

၁၀ အိပ်မက်ဆိုတာ လူတစ်ယောက် နိုးထနေတဲ့ ဝိဉာဉ်လို့ မက္ကဆီကိုမြောက်ပိုင်းက ရာရာမူရိလူမျိုးတွေက ယုံကြည်ထားကြပါတယ်။ (သူတို့တွေက ညဘက်မှာ အိပ်ရာကထပြီး အိပ်မက်အကြောင်း ဆွေးနွေးလေ ့ရှိကြပါတယ်)

၁၁ လူတွေလိုပဲ ငှက်တွေဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတဲ့ အဆင့်ကိုရရှိကြောင်း ဆိုပါတယ်။ ဒါကြောင့် ငှက်တွေ အိပ်မက် မက်နိုင်တယ်လို့ ထင်မြင်ထားကြပါတယ်။

၁၂ တွားသွားသတ္တဝါတွေဟာ အိပ်ပျော်နေစဉ်အတွင်း ဦးနှောက်လှုပ်ရှားပြီး အိပ်မက် မက်နိုင်တယ်လို့ ထင်မြင်ထားပါတယ်။

၁၃ သမ္မတ လေဒန်ဂျွန်စင်ဟာ သွက်ချာပါဒလိုက်တယ်ဆိုတဲ့ အိပ်မက်ဆိုးကို မက်ခဲ့ဖူးတယ်လို့ သိရပါတယ်။

(Ref;RD)

Most Popular

Healthy Life Ad
To Top