Healthy Life Ad
Life Style

သွေးကြောထဲမှာ စုပုံနေတဲ့ ကိုလက်စထရောကို ရက် ၄၀ အတွင်း ချေဖျက်ကြမယ်

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

ကိုလက်စထရောကို ခန္ဓာကိုယ်က သဘာဝအတိုင်း ထုတ်ပေးသလို အစာအမျိုးမျိုးကလည်း ရရှိနိုင်ပါတယ်။ တကယ်တော့ ကိုလက်စထရောဓာတ်ဟာ အီစထရိုဂျင်နဲ့ တက်စတိုစတီရုန်း ဟော်မုန်းတချို့ ထုတ်လုပ်ဖို့အတွက် အရေးပါသလို ခန္ဓာကိုယ်ကနေ ဗီတာမင် D ထုတ်လုပ်မှု့နဲ့ ဗီတာမင် A၊ ဗီတာမင် E နဲ့ ဗီတာမင် K တို့လို အဆီမှာပျော်ဝင်နေတဲ့ အာဟာရဓာတ်စုပ်ယူမှုတို့အတွက် အရေးကြီးပါတယ်။ ကိုလက်စထရောဟာ ခန္ဓာကိုယ်ဆဲလ်အမြှေးပါး တည်ဆောက်ဖို့အတွက်လည်း အသုံးဝင်ပါတယ်။

ဒါပေမဲ့ သင့်ခန္ဓာကိုယ်ထဲမှာ ကိုလက်စထရော အများကြီးစုပုံနေတာက ပြဿနာတစ်ရပ်ပါ။ သွေးကြောထဲမှာ ကိုလက်စထရောတွေ စုပုံနေရင် သွေးတွေ ကောင်းကောင်း မစီးဆင်းနိုင်အောင် ဟန့်တားပေးပါတယ်။ အဲဒီအခါ နှလုံးလို ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းတချို့ဆီကို အောက်ဆီဂျင် ရောက်ရှိရေးမှာ အဟန့်အတားဖြစ်သွားပြီး အသက်အန္တရာယ် ထိခိုက်တဲ့အထိ ဖြစ်လာတတ်ပါတယ်။

သွေးထဲမှာ ကိုလက်စထရောအဆင့် များလွန်းနေရင် အထူးကုဆရာဝန်တစ်ဦးနဲ့ စနစ်တကျကုသမှု့ ခံယူသင့်ပါတယ်။ အဲဒီလိုမဟုတ်ရင် ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေ ခံစားရတတ်လို့ပါ။
သွေးထဲမှာ ကိုလက်စထရောများရင် ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေက-

– ရင်ဘတ်အောင့်တာ၊

– နှလုံးရောဂါ ထတာ (Heart Attack)၊

– သွေးတိုးတာ၊

– သွေးကြောကျဉ်းတာ၊

– နာတာရှည် ကျောက်ကပ်ရောဂါ စတာတွေ ဖြစ်တတ်ပါတယ်။

ကိုလက်စထရောများရင် အစားအသောက်နဲ့ နေထိုင်မှု့ပုံစံကို ပြုပြင်ရပါမယ်။ အမျှင်ဓာတ်များလွန်းတဲ့ အစာ၊ ကိုလက်စထရောနည်းတဲ့ အစာတို့ကို စားပြီး လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ရပါမယ်။ ဒါ့အပြင် ရက် ၄၀ အတွင်း ကိုလက်စထရောစုပုံမှု့ကို ဖြေရှင်းနိုင်မယ့် အိမ်တွင်းနည်းလမ်းကို လိုက်နာရပါမယ်။

ပါဝင်သော ပစ္စည်းများ

– သံပယိုသီး အလတ်စား လေးလုံး၊

– ကြက်သွန်ဖြူ လေးဥ၊

– ရေသန့် သုံးလီတာ (ကျိုထားတဲ့ ရေကျက်အေးကိုလည်း သုံးနိုင်ပါတယ်)

* ပြုလုပ်နည်း *

– ကြက်သွန်ဖြူကို အခွံခွာထားပါ။

– သံပယိုသီးတွေကို ရေနွေးနဲ့ ဆေးလိုက်ပါ။

– ပြီးရင် သံပယိုသီးတွေကို အခွံမခွာဘဲ အစိတ်ငယ်တွေ စိပ်ထားပါ။

– အခွံချွတ်ထားတဲ့ ကြက်သွန်ဖြူနဲ့ သံပယိုသီး စိတ်တွေကို မွှေစက်ထဲ ထည့်မွှေလိုက်ပါ။

– ပြီးရင် ရေကရားထဲထည့်ပြီး ရေသုံးလီတာနဲ့ ရောမွှေပါ။ ပြီးရင် အဖုံးအုပ်ပြီး ရေခဲသေတ္တာထဲမှာ သုံးရက်ခန့် ထားပေးပါ။

– သုံးရက်ကျော်ရင် စသောက်နိုင်ပါပြီ။ (တစ်ကြိမ်သောက်ပြီးတိုင်း ရေခဲသေတ္တာထဲ ပြန်ထည့်ထားပါ)

* သောက်သုံးရန် *

– အဲဒီ့သံပယိုသီးအရည်ကို တစ်နေ့မှာ သုံးကြိမ်၊ တစ်ကြိမ်မှာ ထမင်းစားဇွန်းတစ်ဇွန်း သောက်ပေးပါ။

– နောက်တစ်ကြိမ် သောက်တိုင်း ထမင်းစားဇွန်း တစ်ဇွန်းစာ တဖြည်းဖြည်း တိုးသွားပါ။ နောက်ဆုံး တစ်နေ့ ထမင်းစားဇွန်း သုံးဇွန်းနဲ့ သုံးကြိမ်အထိ သောက်ပေးရပါမယ်။

– ရက် ၄၀ ကြာ သောက်သုံးပေးရုံနဲ့ ကိုလက်စထရော ကျသွားပါလိမ့်မယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top