ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်အထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) ခါးနာတယ်ဆိုတာက ရောဂါမဟုတ်ပါဘူး။ ရောဂါတွေရဲ့ လက္ခဏာတစ်ခု ဖြစ်နေနိုင်ပါတယ်။ အများအားဖြင့်တော့ ခါးနာတာက ထိုင်တာ၊ အိပ်တာ၊ သွားလာတာ စတဲ့ အနေအထိုင်မှားလို့ ဖြစ်တာပါ။ အရွယ်ရောက်တဲ့သူတွေရဲ့ ၈၀ ရာခိုင်နှုန်းက ဘဝမှာ တစ်ကြိမ်မဟုတ်တစ်ကြိမ်...
ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း Q. အဝလွန်တာက မြန်မာနိုင်ငံမှာ အန္တရာယ်ရှိတဲ့ ကျန်းမာရေး ပြဿနာတစ်ခုလို့ ဆိုနိုင်ပါသလား ဆရာ။ A. ဝတဲ့သူနဲ့ ပိန်တဲ့သူတွေကို နှိုင်းယှဉ်လေ့လာကြည့်တဲ့အခါ ဝတဲ့သူတွေက ရောဂါဖြစ်နှုန်း ပိုများတာကို တွေ့ရပါတယ်။ ဝရင်...
ဒေါက်တာတင့်ဆွေ သမီးအခု ကိုယ်ဝန် ၇ လ ထဲမှာပါ။ နှာအရမ်းမွှန်နေလို့ တခြားဆေးလဲ ရမ်းမသောက်ရဲပါဘူး။ အိပ်တဲ့အခါမှာလည်း ခါးနဲ့တင်ပါးနေရာက ညောင်းညာအားလျော့သလို ဖြစ်နေလို့ ကျေးဇူးပြုပြီး ဆရာ့ဆီက အကြံဉာဏ်လေး တုန့်ပြန်မှုကို မျှော်လင့်နေပါ့မယ် ဆရာ။ Cold medications အအေးမိသက်သာဆေးတွေ...
ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။ Q. အခုသတင်းတွေအရ COVID-19 ရောဂါက အိုသွေးပိုင်ရှင်တွေထက် အေသွေးပိုင်ရှင်တွေမှာ ပိုအဖြစ်များတယ်ဆိုပြီး ပြောနေကြလို့ပါ။ အဲဒါက ဖြစ်နိုင်ပါသလား ဆရာ။ နောက်တစ်ချက်က ရောဂါဖြစ်နှုန်းတွေက သွေးအုပ်စုနဲ့ ဆက်စပ်မှုရှိပါသလား။ (စာဖတ်သူတစ်ဦး) A. ဆရာ့ထင်မြင်ချက်အရ...
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၁၉၈၇ ခုနှစ်၊ အသက် ၂၇ နှစ်အရွယ်တွင် ကျောက်ကပ်အစားထိုးကုသမှု ခံယူခဲ့ရသော ဦးနေဝင်းအောင်သည် ယခုအသက် ၅၈ နှစ်အရွယ်ရောက်သည်အထိ ကျန်းမာစွာဖြင့် မိသားစုနှင့်အတူ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိရာ သူ၏ ကျောက်ကပ်အစားထိုးကုသမှု အတွေ့အကြုံကို ယခုလို ပြန်လည်ပြောပြခဲ့ပါသည်။...
ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) အငြိမ်းစား၊ ပြည်သူလူထုအတွင်း ကူးစက်ရောဂါ ပျံ့နှံ့လာတဲ့အချိန်ကာလမှာ ရက်ကွက်လူတွေထဲမှာ စိတ်အနှောင့်အယှက် ဖြစ်လာနိုင်တယ်လို့ အမေရိကန်နိုင်ငံထုတ် Psychiatric Time ဂျာနယ်မှာ ဖတ်လိုက်ရတယ်။ အိပ်မပျော်ခြင်း၊ စိတ်မကျေမနပ်ဖြစ်နေခြင်း၊ စိုးရိမ်သောကများခြင်း၊ ရောဂါကူးစက်မှာကို ကြောက်ရွံ့ထိတ်လန့်နေခြင်း၊ စိတ်တိုလွယ်ခြင်း စတဲ့...
ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) စိတ်ကျန်းမာရေး အတွင်းလူနာကုသဆောင်နဲ့ တွဲဖက်ထားတဲ့ ရုံးခန်းထဲမှာ လူနာသစ် ဂျိုးရဲ့ ဆေးမှတ်တမ်းကို စာရေးသူ ဖြည့်စွက်ရေးသားနေပါတယ်။ တံခါးခေါက်ပြီး သူနာပြုမေစီ အခန်းထဲ ဝင်လာပါတယ်။ “လူနာတစ်ယောက်ရဲ့ ရောဂါကို ဒေါက်တာနဲ့ ဆွေးနွေးချင်လို့ပါ”...
ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။ ကလေးတွေ ဦးနှောက်ဖွံ့ဖြိုးဖို့ မိခင်ဝမ်းဗိုက်အတွင်း သန္ဓေသားဘဝကတည်းက မိခင်ဝမ်းဗိုက်ထဲမှာပင် တစ်စက္ကန့်တိုင်း၊ တစ်စက္ကန့်တိုင်း နူရွန်အသစ် ခုနစ်ရာခန့်ထုတ်နေပါတယ်။ ဒီအရွယ်ကတည်းက ဦးနှောက်ဖွံ့ဖြိုးဖို့ အာဟာရလိုအပ်နေပါပြီ။ ကလေးမွေးပြီးချိန်မှာ ဦးနှောက်ဖွံ့ဖြိုးဖို့ ဘယ်လိုအစားအသောက်တွေ ကျွေးသင့်သလဲ...
ဒေါက်တာတင့်ဆွေ မျက်ခွံလှုပ်တာဟာ ဆက်တိုက်လှုပ်နေတာဖြစ်ပေမဲ့ ဆေးပညာမှာ Benign လို့ သတ်မှတ်ပါတယ်။ စိုးရိမ်စရာတော့မရှိပါ။ ကျန်းမာရေး နောက်ခံတခုခုကနေတော့ ဖြစ်နိုင်တယ်။ ခက်တာက ပျောက်အောင်ကုဖို့ခက်တာ ဖြစ်နေတယ်။ Stress စိတ်ဖိအားများနေခြင်း၊ Tiredness မောပန်းနေခြင်း၊ Eye strain မျက်စိအသုံးပြုတာ များသွားခြင်း၊...
ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန်မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း Q. မျက်စိထဲက ဘာကြောင့်သွေးထွက်ရတတ်ပါသလဲ ဆရာ။ A. သွေးထွက်တယ်ဆိုတာ ယေဘုယျအားဖြင့်ပြောရရင် သွေးကြောတစ်ခုကပေါက်သွားလို့ သွေးထွက်တဲ့အခြေအနေပါ။ သွေးထွက်တာက ဒဏ်ရာရလို့ ဖြစ်နိုင်ပါတယ်။ ထိခိုက်ဒဏ်ရာကြောင့် မျက်ခွံမှာလည်း သွေးခဲတွေဖြစ်နိုင်တယ်။ မျက်မြှေးမှာလည်း...