Healthy Life Ad
Child

ကလေးတွေ ဦးနှောက်ဖွံ့ဖြိုးဖို့ ဘယ်အရွယ်ကတည်းက စတင်ဂရုစိုက်ရမလဲ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

ကလေးတွေ ဦးနှောက်ဖွံ့ဖြိုးဖို့ မိခင်ဝမ်းဗိုက်အတွင်း သန္ဓေသားဘဝကတည်းက မိခင်ဝမ်းဗိုက်ထဲမှာပင် တစ်စက္ကန့်တိုင်း၊ တစ်စက္ကန့်တိုင်း နူရွန်အသစ် ခုနစ်ရာခန့်ထုတ်နေပါတယ်။ ဒီအရွယ်ကတည်းက ဦးနှောက်ဖွံ့ဖြိုးဖို့ အာဟာရလိုအပ်နေပါပြီ။

ကလေးမွေးပြီးချိန်မှာ ဦးနှောက်ဖွံ့ဖြိုးဖို့ ဘယ်လိုအစားအသောက်တွေ ကျွေးသင့်သလဲ

ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့ မိဘတွေ သတိထားရမယ့် အချက်လေးချက်ရှိပါတယ်။

(၁) သွေးတွင်းအချိုဓာတ် မျှတစွာရရှိအောင် ကျွေးရပါမယ်။

(၂) အရေးကြီးတဲ့ အဆီဓာတ်တွေ ထည့်ကျွေးရပါမယ်။

(၃) ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အလုံအလောက် ထည့်ကျွေးရပါမယ်။

(၄) အာဟာရဓာတ်မရှိတဲ့ အစာတွေနဲ့ ခန္ဓာကိုယ်နဲ့ မတည့်တဲ့ အစာတွေကို ရှောင်ခိုင်းရပါမယ်။

(၁) သွေးတွင်းအချိုဓာတ် မျှတစွာရရှိအောင် ကျွေးခြင်း

အချိုဓာတ်က ဦးနှောက်အတွက် အလွန်အရေးကြီးတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပါတယ်။ အချိုဓာတ်မရှိဘဲ ဦးနှောက်မဖွံ့ဖြိုးနိုင်ပါဘူး။ အချိုဓာတ်ရောက်မှသာ ဦးနှောက်က ဖန်တီးမှုဆိုင်ရာ လုပ်ငန်းတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အချိုတွေ သိပ်များလွန်းရင်၊ အချိုများတဲ့အစာတွေ ကျွေးလွန်းရင် ကလေးရဲ့ ခန္ဓာကိုယ်ထဲ အဆီအဖြစ် သိုလှောင်ထားမှာ ဖြစ်ပါတယ်။ အချိုများလွန်းရင် ကလေးတွေက အဆော့လွန်ပြီး တစ်ခုခုကို အာရုံစိုက်နိုင်စွမ်းအား လျော့ကျနေမှာ ဖြစ်ပါတယ်။ အလားတူ အချိုဓာတ် နည်းလွန်းရင်လည်း ကလေးဟာစိတ်တိုတာ၊ မောပန်းလွယ်တာ၊ အာရုံစိုက်နိုင်စွမ်းအား လျော့ကျတာတို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အချိုဓာတ်တွေကို မှန်မှန်ကန်ကန် ရွေးချယ်ကျွေးတတ်ဖို့လိုပါတယ်။

(၂) အရေးကြီးသည့် အဆီဓာတ်များ ကျွေးခြင်း

ဦးနှောက်ရဲ့ ၆၀ ရာခိုင်နှုန်းက အဆီတွေနဲ့ ပြည့်ဝနေဖို့ လိုပါတယ်။ ကောင်းမွန်တဲ့ အဆီတွေနဲ့ပြည့်နေမှ ကလေးရဲ့ဉာဏ်ရည်နဲ့ အမူအကျင့်တွေ တိုးတက်လာမှာပါ။ ဉာဏ်ရည်ဉာဏ် သွေးကောင်းဖို့ ကလေးကို ကောင်းမွန်တဲ့အဆီ တစ်နေ့သုံးကြိမ် ကျွေးရပါမယ်။ အိုမီဂါ ၃၊ အိုမီဂါ ၆၊ အိုမီဂါ ၉ နဲ့ DHA လို ကောင်းတဲ့အဆီပါတဲ့ အစာတွေ ကျွေးရပါမယ်။ ဒါမှ ဦးနှောက်ဆဲလ်တွေနဲ့ အာရုံကြောဆဲလ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်မှာပါ။ အိုမီဂါ ၃ ပါဝင်မှုများတဲ့ အစာတွေက ဆယ်လမွန်ငါး၊ တူနာငါး၊ အစေ့အဆန် အမျိုးမျိုးဖြစ်ပါတယ်။

(၃) ဗီတာမင်နှင့် သတ္တုဓာတ်များ လုံလောက်စွာကျွေးခြင်း

“အချိုဓာတ်က ဦးနှောက်အတွက် အလွန်အရေးကြီးတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပါတယ်။ အချိုဓာတ်မရှိဘဲ ဦးနှောက်မဖွံ့ဖြိုးနိုင်ပါဘူး။ အချိုဓာတ်ရောက်မှသာ ဦးနှောက်က ဖန်တီးမှုဆိုင်ရာ လုပ်ငန်းတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အချိုတွေ သိပ်များလွန်းရင်၊ အချိုများတဲ့အစာတွေ ကျွေးလွန်းရင် ကလေးရဲ့ ခန္ဓာကိုယ်ထဲ အဆီအဖြစ် သိုလှောင်ထားမှာ ဖြစ်ပါတယ်။ အချိုများလွန်းရင်” . . .

ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓာတ်မျိုးစုံကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်မှု မြင့်မားတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ အဝါရောင်သစ်သီးဝလံ စတာတွေကို ကျွေးရပါမယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်ပြည့်ဝတဲ့ အစာတွေကို စားမှသာ ကလေးရဲ့ ဦးနှောက်လုပ်ဆောင်ချက်တွေက မှန်ကန်ကောင်းမွန်နေမှာပါ။

(၄) အာဟာရတန်ဖိုးမရှိသော အစာနှင့် ခန္ဓာကိုယ်နှင့်မတည့်သော အစာများကို ရှောင်ရှားခြင်း

အာဟာရတန်ဖိုးနည်းတဲ့ အစာတွေကို ကလေးတွေ မစားသင့်ပါဘူး။ ဒါ့အပြင် တချို့ကလေးတွေက တချို့အစာတွေနဲ့ ဓာတ်မတည့်မှု ဖြစ်တတ်ပါတယ်။ ကြက်ဥ၊ မြေပဲ၊ အစေ့အဆန်တချို့နဲ့ ဓာတ်မတည့်မှု တွေ ဖြစ်တတ်တဲ့အတွက် စမ်းသပ်ပြီး တည့်မှကျွေးသင့်ပါတယ်။ တချို့ဓာတုပစ္စည်းပါတဲ့ အစာတွေက ကလေးကို ဓာတ်မတည့်မှုတွေ ဖြစ်စေပါတယ်။

Most Popular

Healthy Life Ad
To Top