Healthy Life Ad
Health Tips

ပဲပုပ်စေ့၏ ကျန်းမာရေး အကျိုးကျေးဇူး

• ပဲပုပ်စေ့ အခြေခံအစားအသောက်တွေမှာ ပရိုတင်းဓာတ်ပါဝင်ပြီး အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ပါဝင်နေပါတယ်။

• ပဲပုပ်စေ့မှာ အဆီဓာတ်ပါဝင်မှုနည်းပါးပြီး အိုက်ဆိုဖလေဗုန်း(Isofalvones)လို့ခေါ်တဲ့ ဒြပ်ပေါင်းတွေများစွာ ပါဝင်နေပါတယ်။ Isofalvones ဟာ ဖိုင်တိုအီစထရိုဂျင်ရဲ့ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အီစထရိုဂျင်နဲ့ လုပ်ဆောင်မှုတူညီပါတယ်။

• ပဲပုပ်စေ့နဲ့ ပြုလုပ်ထားတဲ့ အစားအသောက်တွေကတော့ တိုဟူး၊ မာဂျရင်းထောပတ်၊ ပဲနို့၊ ပဲပုပ်စေ့ ဒိန်ချဉ် စတာတွေ ဖြစ်ကြပါတယ်။

• အသားကိုစားပြီး ပရိုတင်းဓာတ်အများအပြား ရရှိနေပေမယ့် ဖြစ်နိုင်ရင် ပဲပုပ်စေ့ အခြေခံအစားအသောက်ကို တစ်ပတ်မှာ နှစ်ကြိမ်-သုံးကြိမ်ခန့် ထည့်စားပေးသင့်ပါတယ်။

• သရေစာအဖြစ် ပဲနို့ ဒါမှမဟုတ် ပဲပုပ်စေ့နဲ့ လုပ်ထားတဲ့ ဒိန်ချဉ်တို့ကို သောက်ပေးနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top