———၊ ငွေကြယ်စင်ယံ ၊———
မှိုဟင်းဟာ ထမင်းပွဲကို အသက်ဝင်စေတဲ့ ဟင်းလျာပါ။ အရသာရှိစေတဲ့မှိုကို စားတာကြောင့် အောက်ပါကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။
(၁) ဗီတာမင်ဒီ ပါဝင်မှုများခြင်း
မှိုတွေမှာ ဗီတာမင်ဒီပါဝင်မှုများပါတယ်။ မှိုမှာပါဝင်တဲ့ စတီရောဟာ နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ ဗီတာမင်ဒီအဖြစ် ကူးပြောင်းသွားတာကြောင့်ပါ။
(၂) ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်စေခြင်း
မှိုမှာပါဝင်တဲ့ အရေးကြီး အင်တီအောက်ဆီးဒင့် အာဂိုသိုင်ရိုနင်းဟာ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။ မှိုကိုစားတာကြောင့် ဗိုင်းရပ်စ်တားဆေးနဲ့ တခြားပရိုတင်းတွေ ထွက်ရှိမှု များတဲ့အတွက် ကိုယ်ခံစွမ်းအားလုပ်ငန်းဆောင်တာကို တိုးစေပြီး တစ်သျှူးတွေကို ပြန်လည်ပြုပြင်ပေးပါတယ်။
(၃) အင်တီအောက်ဆီးဒင့်ရရှိခြင်း
မှိုမှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်ဟာ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။
(၄) ဇီဝရုပ်ဖြစ်ပျက်မှု ကောင်းစေခြင်း
မှိုမှာပါဝင်တဲ့ ဗီတာမင်ဘီဟာ ကာဗိုဟိုက်ဒရိတ်အစာတွေကို ဂလူးကို့စ်အဖြစ် ကူးပြောင်းစေပြီး ခန္ဓာကိုယ်က စွမ်းအင်ထွက်ရှိမှု များစေပါတယ်။ ဒါ့အပြင် အဆီနဲ့ပရိုတင်းဓာတ်တွေဖြစ်အောင် ချေဖျက်ပေးပါတယ်။ မှိုမှာ ဗီတာမင် B2 နဲ့ B3 စတာတွေ ပါဝင်မှုများပါတယ်။
(၅) ဆီးအိတ်ကျန်းမာခြင်း
ကင်ဆာအကြောင်း လေ့လာမှုခုနစ်ခုအရ မှိုမှာ ဆီလီနီယမ်ပါဝင်မှုများတာကြောင့် ဆီးအိတ်ကင်ဆာဖြစ်နိုင်ခြေ လျော့ကျမှုရှိတယ်လို့ သိရပါတယ်။ ဆီလီနီယမ်က အမျိုးသမီးတွေမှာ ဆီးအိတ်ကျန်းမာစေတဲ့ သတ္တုဓာတ်ဖြစ်ပါတယ်။
အဖြူရောင်မှိုဖူး၏ ကျန်းမာရေးအစွမ်း
အဖြူရောင်မှိုဖူးတွေဟာ ဟင်းလျာအမျိုးမျိုးကို အရသာအစုံပေးနိုင်ပါတယ်။ ဒါပေမဲ့ ကယ်လိုရီပါဝင်မှု လျော့နည်းနေပါတယ်။ ဒါကြောင့် ကျက်အောင်ချက်ပြုတ်ထားတယ်ဆိုရင် များများစားလို့ရပါတယ်။
အဖြူရောင်မှိုမှာ ဗီတာမင် B12 ၊ B2 နဲ့ B6 ၊ ဖောလစ်အက်စစ်၊ နိုင်ယာစင်၊ သံဓာတ်နဲ့ ပိုတက်စီယမ်တို့ များစွာပါဝင်ပါတယ်။
အဓိက အကျိုးကျေးဇူးများ
မှိုမှာ အဆီဓာတ်မပါဝင်ပါဘူး။ ကိုလက်စထရောလည်း ပါဝင်မှုမရှိဘဲ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ကင်ဆာကိုတွန်းလှန်ပေးနိုင်တဲ့ အင်တီအောက်ဆီးဒင့်တွေသာ များစွာပါဝင်နေတာပါ။
