———၊ လရိပ်မေ ၊———
ချစ်သူနှစ်ဦး နှစ်ကိုယ်တူဘဝ ထူထောင်တော့မယ်ဆိုရင် ဒီအချက်တွေကို ကြည့်သင့်တယ်လို့ life coach လီဆာအေရိုမာနိုက ဆိုထားပါတယ်။ ဘာတွေလဲဆိုတော့-
(၁) တာဝန်ယူမှု၊ တာဝန်ခံမှု
မှားသွားတဲ့အပြုအမူ၊ မကောင်းတဲ့အရာတစ်ခုခုအတွက် တောင်းပန်နိုင်ရပါမယ်။
ကိုယ့်ကိုယ်ကိုယ် အသိတရားရှိရပါမယ်။
ကိုယ့်လုပ်ရပ်နဲ့ပတ်သက်ပြီး တခြားသူတွေ မထိခိုက်အောင် ကာကွယ်ပေးနိုင်ရပါမယ်။
ကိုယ့်ဘာသာ သုံးသပ်တတ်ရပါမယ်။
(၂) ပူးပေါင်းဆောင်ရွက်တတ်ခြင်း
ချစ်သူနဲ့အတူ မိသားစုကိစ္စတွေ အတူဆောင်ရွက်ချင်စိတ်ရှိရပါမယ်။
ပွင့်လင်းတဲ့ ပြောဆိုဆွေးနွေးမှုရှိရပါမယ်။
စိတ်ကူးစိတ်သန်းတွေကို မျှဝေနိုင်ရပါမယ်။
အပေးအယူညှိနှိုင်းတတ်ရပါမယ်။
(၃) လုံခြုံနွေးထွေးမှု
သူနဲ့နေရရင် စိတ်ချမ်းမြေ့တယ်ဆိုတဲ့ ခံစားချက်ရှိရပါမယ်။
သင့်ချစ်သူကို တကယ်လေးစားရပါမယ်။
ဘယ်လောက်ပဲ စိတ်ညစ်စရာကြုံကြုံ သူနဲ့သာဆိုရင် လုံခြုံတယ်ဆိုတာမျိုး ဖြစ်ရပါမယ်။
သင့်ချစ်သူကလည်း သင်နဲ့ဆိုရင် လုံခြုံနေသလိုမျိုး ခံစားချက်နဲ့ပေါ့။
(၄) အပြန်အလှန်လေးစားခြင်း
သင့်စိတ်ကို သူလုံးဝဖတ်တတ်ဖို့တော့ မမျှော်လင့်ပါနဲ့။
လိုချင်တာ၊ စိတ်ကူးအိပ်မက်၊ ဖြစ်ချင်တာ၊ ယုံကြည်မှုတွေအပါအဝင် သင့်ခံစားချက်တွေကို မျှဝေဖော်ပြတာကို လက်ခံနိုင်ရပါမယ်။
သင်သဘောမတူတာကိုလည်း ပြောဆိုခွင့်ရှိရပါမယ်။
(၅) စာနာစိတ်ရှိခြင်း
တစ်ဦးနဲ့တစ်ဦး လျှို ့ဝှက်ချက်တွေကို မျှဝေရင် မလှောင်ပြောင်ရပါဘူး။
သင့်ချစ်သူကို နားလည်လက်ခံပြီး တန်ဖိုးထားပေးနိုင်ရပါမယ်။
ဒဏ်ရာဟောင်းတွေရှိခဲ့ရင် ပြန်တူးဆွပြီး နာကျင်အောင် အချင်းချင်း မလုပ်ရပါဘူး။
(၆) လွတ်လပ်ခွင့်ပေခြင်း
သင်တစ်ဦးတည်းနေချိန်ကို လေးစားတတ်ရပါမယ်။
သင့်ကိုယ်ပိုင်အတွေးကို တန်ဖိုးထားတတ်ရပါမယ်။
သင့်အချိန်တွေကို အကျိုးမဲ့ဖြုန်းတီးတာမျိုး မလုပ်သင့်ပါဘူး။