Healthy Life Ad
Life Style

ကိုယ်အလေးချိန်ထိန်းနေလျှင် သကြားကိုရှောင်ပါ

———၊ ငွေကြယ်စင်ယံ ၊———

နေ့စဉ် သင်စားသောက်တဲ့ အစားအသောက်ထဲကနေ သကြားကို လျှော့သွားရင် အချိန်တစ်လအကြာမှာ ကိုယ်အလေးချိန်လျော့ကျသွားစေပါတယ်။သကြားထဲမှာ ကယ်လိုရီဓာတ်တွေ ပါဝင်နေပါတယ်။ သကြားမှာ အမျှင်ဓာတ်မပါဝင်သလို သစ်သီး၊ ဟင်းသီးဟင်းရွက်ထဲမှာ တွေ့ရတဲ့ တခြားတန်ဖိုးရှိတဲ့ အာဟာရဓာတ်တွေလည်း မပါဝင်ပါဘူး။

သကြားဟာ စားပြီးချိန်မှာ မြန်မြန်ဆာလောင်မှုကို ဖြစ်စေနိုင်တာကြောင့် ကိုယ်အလေးချိန် ထိန်းနေသူတွေအတွက် မသင့်တော်ပါဘူး။ သင်စားသောက်တဲ့ ကော်ဖီ၊ ပေါင်မုန့် ကြက်ဥကြော် စတဲ့ အစားအသောက်ထဲမှာ သကြားကို ထပ်ခါထပ်ခါမထည့်သင့်ပါဘူး။ ဒါ့အပြင် ချက်ပြုတ်တဲ့ဟင်းလျာတွေထဲကိုလည်း သကြားမထည့်သင့်ပါ။

၂၀ဝ၉ ခုနစ်က လူတစ်ယောက်ဟာ တစ်နေ့မှာ သကြားပမာဏကို ကန့်သတ်စားသင့်တယ်ဆိုပြီး အမေရိကန် နှလုံးကျန်းမာရေးအဖွဲ့အစည်းက သတ်မှတ်ခဲ့ပါတယ်။ သတ်မှတ်တဲ့ပမာဏက အမျိုးသားအတွက်ဆိုရင် လက်ဖက်ရည်ဇွန်းကိုးဇွန်း(၃၇ ဒသမ ၅ ဂရမ်)ဖြစ်ပြီး ၁၅၀ ကယ်လိုရီနဲ့ ညီမျှပါတယ်။ အမျိုးသမီးအတွက်ဆိုရင် လက်ဖက်ရည်ဇွန်းခြောက်ဇွန်း(၂၅ဂရမ်)ဖြစ်ပြီး ၁၀ဝ ကယ်လိုရီနဲ့ ညီမျှပါတယ်။ ဒါပေမဲ့ ဒီပမာဏက ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားနေသူတွေအတွက်ဆိုရင် များလွန်းနေပါသေးတယ်။ ကိုယ်အလေးချိန် လျော့ကျလိုသူတွေအတွက် သကြားကို စားချင်စိတ်ပြင်းပြနေရင် စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး စတာတွေကိုစားပြီး အသီးကရတဲ့ သဘာဝသကြားဓာတ်ကိုပဲ ရယူလိုက်ပါ။

Most Popular

Healthy Life Ad
To Top