Healthy Life Ad
Uncategorized

အမျိုးသားတို့ အကြားအာရုံမဆုံးရှုံးစေရန် သတိထားသင့်သည့် အချက်များ

———၊ ကိုထက် ၊———

မျိုးရိုးဗီဇ၊ ဦးခေါင်းထိခိုက်ဒဏ်ရာ၊ နာမကျန်းဖြစ်တာနဲ့ အသက်ကြီးရင့်တာတို့ဟာ အကြားဆာရုံဆုံးရှုံးမှု ဖြစ်စေတဲ့ အချက်တွေဖြစ်ပေမယ့် ဆူညံသံကြောင့် ထိခိုက်မှုက အဆိုးဆုံးဖြစ်ပါတယ်။ အရွယ်ရောက်သူ ၂၃ ရာခိုင်နှုန်းဟာ အကြားအာရုံ ဆုံးရှုံးနေကြပြီး အဲဒီအထဲက ၆၀ ရာခိုင်နှုန်းဟာ အမျိုးသားတွေ ဖြစ်ပါတယ်။ အကြောင်းကတော့ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီး ဆူညံတဲ့အလုပ်အကိုင်၊ ဆူညံတဲ့အရာကို ပိုသဘောကျလို့ပဲ ဖြစ်ပါတယ်။ဥပမာ- မြူးကြွတဲ့ သီချင်းအကျယ်ကြီးဖွင့်ပြီး ကခုန်တာ၊ ဂဟေဆော်တာ စတာတွေကို အမျိုးသားတွေ လုပ်ကိုင်တာ ပိုများပါတယ်။

သတင်းကောင်းတစ်ခုကတော့ အကြားအာရုံဆုံးရှုံးမှုကို မဖြစ်အောင် ကြိုတင်ကာကွယ်လို့ရတယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဆူညံသံကို အချိန်ကြာကြာ ကြားနေရတဲ့အခါ နားထဲက အာရုံခံဆဲလ်တွေ ဆုံးရှုံးသွားပါတယ်။ အဲဒီအာရုံခံဆဲလ်တွေက ဦးနှောက်ဆီကို သတင်းအချက်အလက် ပို့ပေးတဲ့အရာတွေဖြစ်ပြီး ဆဲလ်ထိခိုက်သွားတဲ့အခါ အကြားအာရုံကို ထိန်းသိမ်းနိုင်စွမ်း မရှိတော့ပါဘူး။ ဆူညံတဲ့တေးသီချင်းကို ငယ်ငယ်ကတည်းက နားဆင်ခဲ့တဲ့သူတွေဟာ အသက်နည်းနည်းကြီးလာတဲ့အခါ အကြားအာရုံထိခိုက်မှု ဖြစ်လာပါတယ်။ အသက် ၄၀ အောက် ကနေဒါအမျိုးသားလေးဦးမှာ တစ်ဦးနီးပါးဟာ အကြားအာရုံဆုံးရှုံမှု ဖြစ်နေကြပါတယ်။

အကြားအာရုံဆုံးရှုံးမှု ဖြစ်တတ်တဲ့ ပထမဆုံးလက္ခဏာက အမျိုးသမီးနဲ့ ကလေးတွေရဲ ့ အသံကို ကြားနိုင်ဖို့ခက်ခဲတာပဲ ဖြစ်ပါတယ်။ သင့်ချစ်သူ ဒါမှမဟုတ် အမျိုးသမီးသူငယ်ချင်းပြောတဲ့ စကားသံကို မကြားရဘူးလို့ထင်ရင်၊ တီဗီအသံကို မကြာခဏ ကျယ်နေရပြီး တခြားသူတွေက အသံကျယ်တယ်လို့ပြောရင် သင့်မှာ အကြားအာရုံ ကျဆင်းမှု ဖြစ်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နားအူတာနဲ့ နားထဲတဝီဝီဖြစ်နေတာကလည်း အကြားအာရုံဆုံးရှုံးမှု လက္ခဏာတစ်ခုပါပဲ။

အကြားအာရုံဆုံးရှုံးမှု ဖြစ်နိုင်ခြေ လျော့ကျစေမည့်နည်းများ

ဆူညံသံမကြားရအောင် ကာကွယ်တဲ့နည်းနဲ့ အကြားအာရုံဆုံးရှုံးမှုကို လျှော့ချနိုင်ပါတယ်။

alignnone size-medium wp-image-61271
နားကြပ်တပ်ပါ

အိမ်ဆောက်တာလို ဆူညံတဲ့အသံကို ကြားတဲ့အခါ နားကြပ် ဒါမှမဟုတ် နားအကာကိုသုံးပြီး နားကိုအကာအကွယ်လုပ်ပါ။

alignnone size-medium wp-image-61272
အခြေခံဆူညံသံကို လျှော့ချပါ

အားကစားခန်းမမှာ ဆူတဲ့အသံလိုမျိုး အသံတွေကို လျှော့ချနိုင်ဖို့ အထူးဖန်တီးထားတဲ့ နားကြပ်ကို တပ်ဆင်ပါ။

ဆေးလိပ်ငွေ့ရှောင်ပါ

တိုရွန်တို လေ့လာမှုတစ်ခုအရ ဆေးလိပ်သောက်တာနဲ့ သူတစ်ပါးသောက်တဲ့ ဆေးလိပ်ငွေ့ရှူရှိုက်တာကြောင့် နားအကြားအာရုံ ဆုံးရှုံးမှုဖြစ်နိုင်ခြေကို တိုးစေပါတယ်။ အကြောင်းကတော့ နားထဲက သွေးကြောဆီကို သွေးစီးဆင်းမှု အဟန့်အတား ဖြစ်စေလို့ပါ။

သီချင်းနားထောင်မှုကို လျှော့ပါ

iPods ကို တစ်နေ့မှာ အချိန်ငါးမိနစ်လောက်ပဲ နားထောင်ရင်တောင် နားအကြားအာရုံ ထိခိုက်နိုင်ခြေ များပါတယ်။ သင်နဲ့ သုံးပေအကွာက လူတစ်ယောက် အော်ပြောတဲ့စကားကို မကြားရဘူးဆိုရင် သင့်သီချင်းသံကို တိုးလိုက်ပါ။

ဆေးဝါးအကြောင်း တိုင်ပင်ပါ

အလာဘာမားတက္ကသိုလ် လေ့လာသူတွေက ပန်းသေပန်းညှိုးရောဂါအတွကှ် Sildenafil Citrate ဆေးကို မှီဝဲသူအမျိုးသားတွေဟာ နားအကြားအာရုံ ဆုံးရှုံးနိုင်ခြေ နှစ်ဆပိုများတယ်လို့ ဆိုပါတယ်။ အမေရိကန် ဆေးပညာဂျာနယ်လေ့လာမှုအရ အသက် ၅၀ အောက် အမျိုးသားတွေက အကိုက်အခဲပျောက်ဆေး ပုံမှန်မှီဝဲရင် အကြားအာရုံဆုံးရှုံးမှု ဖြစ်နိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။

alignnone size-medium wp-image-61273
အကူအညီ ရယူပါ

အကြားအာရုံ ဆုံးရှုံးတယ်လို့ သံသယရှိတယ်ဆိုရင် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နဲ့ တိုင်ပင်စစ်ဆေးပြီး ကုသမှုခံယူသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top