Healthy Life Ad
Health Tips

အဝလွန်သူတို့ ကိုယ်အလေးချိန် လျှော့ချနိုင်မည့် နည်းလမ်းများ

———၊ ငွေကြယ်စင်ယံ ၊———

ကိုယ်အလေးချိန်များနေလို့ စိတ်ညစ်နေပါသလား။ ကိုယ်အလေးချိန်များလို့ လျှော့ချချင်တယ်ဆိုရင် ကိုယ်အလေးချိန်ကျအောင် သွယ်ဝိုက်ပြီး လှုံ့ဆော်ပေးမယ့် အောက်ပါနည်းတွေကို လိုက်နာသင့်ပါတယ်။

(၁) နေ့စဉ် ပန်းသီးစားပါ

လေ့လာမှုတစ်ခုအရ တစ်နေ့မှာ ပန်းသီးခြောက် ၇၅ ဂရမ်စားတာကြောင့် သွေးတွင်းကိုလက်စထရော ပမာဏကို သိသိသာသာ လျော့ကျစေပြီး အချိန် ၁၂ လကြာပြီးချိန်မှာ ကိုယ်အလေးချိန် ၁ ဒသမ ၄၉ ကီလို(သုံးပေါင်ကျော်) လျော့ကျမှုရှိတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

(၂) ခွေးမွေးပါ

ခွေးပိုင်ရှင်တွေက တစ်နေ့မှာ နှစ်ကြိမ်ခန့် လမ်းလျှောက်ဖြစ်စေတဲ့အတွက် ခွေးမရှိသူတွေထက် နှစ်ဆပိုပြီး ကျန်းမာစေပါတယ်။

(၃) ချစ်ခြင်းမေတ္တာ ရှာဖွေပါ

ချစ်ခြင်းမေတ္တာတရားဟာ သဘာဝအကိုက်အခဲပျောက်ဆေးဖြစ်ပြီး ချစ်သူရှိတာကြောင့် သင့်ကို ကိုယ်အလေးချိန် လျှော့ချချင်စိတ်ဖြစ်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

(၄) ကိုယ်အလေးချိန် တိုင်းတာပါ

ပုံမှန် ကိုယ်အလေးချိန် စစ်ဆေးမှုပြုလုပ်ရင်း အစာကို ထိန်းချုပ်စားသောက်လေ့ရှိသူတွေဟာ ကိုယ်အလေးချိန် လျော့ကျနိုင်ခြေ ပိုများစေပါတယ်။

(၅) ညနေဘက်မှာ ကိုယ်လက်လှုပ်ရှားပါ

ညနေငါးနာရီခွဲအချိန်မှာ ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ပါ။ လစ်ဗာပူးတက္ကသိုလ် လေ့လာမှုအရ ခန္ဓာကိုယ်ထိန်းညှိနိုင်စွမ်း၊ သက်လုံကောင်းမွန်မှု၊ ခန္ဓာကိုယ်အပူချိန်နဲ့ အဒရီနယ်လင်ဟော်မုန်း အမြင့်ဆုံးဖြစ်နေချိန်မှာ စွမ်းအင်ကောင်းမွန်မှု ရှိတယ်လို့ သိရပါတယ်။ အဲဒီအချိန်က ညနေငါးနာရီခွဲပဲ ဖြစ်ပါတယ်။

(Ref;bodyandsoul)

Most Popular

Healthy Life Ad
To Top