Healthy Life Ad
Health Tips

လက်သည်းခြေသည်း ကျန်းမာသန်စွမ်းစေမယ့် သဘာဝနည်းများ

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

လက်သည်းတွေက ရေထိဖန်များတာ၊ ခြောက်လွန်းတာ၊ လက်သည်းဖျက်ဆေး အလွန်အမင်း သုံးတာတွေကြောင့် ကျိုးပဲ့ထိခိုက် လွယ်စေနိုင်ပါတယ်။ ဒါကြောင့် လက်သည်းခြေသည်း ကျန်းမာသန်စွမ်းစေဖို့အတွက် သဘာဝအိမ်တွင်းကုထုံးတွေနဲ့ ထိန်းသိမ်းကြရအောင်။

alignnone size-medium wp-image-56434
(၁) သခွားသီးသုံးပါ

လက်သည်းတွေ မကြာခဏ ကြွပ်ဆတ်နေတယ်ဆိုရင် သခွားသီးကြိတ်ရည်ထဲ စိမ်ပေးပါ။ သခွားသီးမှာ ဗီတာမင်အေ၊ ဗီတာမင်အီး၊ ဗီတာမင် B1, B2, B3 နဲ့ ဗီတာမင် C တို့ ပါဝင်ရုံမျှမက ကယ်လ်ဆီယမ်နဲ့ သံဓာတ်ပါဝင်တာကြောင့် သခွားသီးကြိတ်ရည်ထဲမှာ တစ်နေ့ အချိန် ၅ မိနစ် စိမ်ပေးသင့်တာပါ။

alignnone size-medium wp-image-56435
(၂) ဆော်ဒါမှုန့်နဲ့ သံပရာရည်သုံးပါ

လက်သည်းကို သံပရာသီးစိတ်နဲ့ပွတ်ပြီး အချိန် ၁၀ မိနစ်ခန့်ထားပါ။ လက်သည်းတွေ ပိုပြီး ကြည်လင်ရှင်းသန့်နေချင်ရင်တော့ ဆော်ဒါမှုန့်နဲ့ သံပရာရည်ကို ခပ်ပျစ်ပျစ်ရအောင် မွှေပြီး သွားတိုက်တံနဲ့ တို့ယူကာ လက်သည်းတွေကို ပွတ်တိုက်ပေးရမှာပါ။

alignnone size-medium wp-image-56436
(၃) ဘိုင်အိုတင်ပါသော အစာများစားပါ

လက်သည်းတွေ အရှည်မြန်စေဖို့ ဗီတာမင်ဘီ တစ်မျိုးဖြစ်တဲ့ ဘိုင်အိုတင်ဓာတ် ပါဝင်မှုများတဲ့ အစားအသောက်တွေကို စားပေးပါ။ လေ့လာမှုတစ်ခုအရ ဘိုင်အိုတင်ဓာတ်က အားနည်းနေတဲ့ လက်သည်းတွေကို သန်စွမ်းတဲ့ လက်သည်းတွေအဖြစ် ရက်သတ္တပတ်အနည်းငယ်အတွင်း ပြောင်းလဲပေးနိုင်တယ်လို့ သိရပါတယ်။ ဘိုင်အိုတင်ပါတဲ့ အစာတချို့က အခွံမာအစေ့အဆန်၊ ပန်းဂေါ်ဖီ၊ ဥအမျိုးမျိုး၊ ငှက်ပျောသီးနဲ့ မှိုတို့ဖြစ်ကြပါတယ်။

alignnone size-medium wp-image-56437
(၄) အုန်းဆီနဲ့ နှိပ်နယ်ပါ

အုန်းဆီက လက်သည်းတွေကို အားဖြည့်ပေးပြီး အစိုဓာတ်ထိန်းပေးသလို လက်သည်းပန်းကုံးတွေကိုလည်း ကျန်းမာစေပါတယ်။ အုန်းဆီအစက် အနည်းငယ်ကို လက်သည်းမှာလိမ်းပြီး နှိပ်နယ်ပေးတာကြောင့် လက်သည်းတွေကို သန်စွမ်းစေပါတယ်။

alignnone size-medium wp-image-56438
(၅) ပန်းသီးရှလကာရည်ထဲ စိမ်ပါ

လက်သည်းတွေက ပိုးဝင်နေတယ်ဆိုရင် ရေနဲ့ပန်းသီးရှလကာရည်တို့ကို ဆတူရောပြီး လက်သည်းတွေကို မိနစ် ၃၀ ကြာ စိမ်ပေးပါ။ ဒါမှမဟုတ် ဂွမ်းစလေးနဲ့ ပန်းသီးရှလကာရည်ကို ဆွတ်ပြီး ပိုးဝင်နေတဲ့ လက်သည်းတွေပေါ် သုတ်လိမ်းလို့လည်း ရပါတယ်။

alignnone size-medium wp-image-56439
(၆) ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ ပိုးသတ်အစွမ်းရှိတာကြောင့် ဖန်းဂတ်စ်မှိုတွေကို ကင်းစင်စေပါတယ်။ ကြက်သွန်ဖြူကို ထောင်းပြီး မှိုစွဲနေတဲ့ လက်သည်းတွေပေါ် သုတ်လိမ်းလို့ရပါတယ်။

Most Popular

Healthy Life Ad
To Top