Healthy Life Ad
Life Style

လက်သည်း၊ ခြေသည်း ထိန်းသိမ်းစောင့်ရှောက်နည်းများ

———၊ လရိပ်မေ ၊———

လက်သည်း၊ ခြေသည်း ပြဿနာအများစုဟာ လက်သည်း၊ ခြေသည်းကို ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းတာကြောင့် အဖြစ်များတတ်ပါတယ်။ လက်သည်း၊ ခြေသည်း ကျန်းမာနေစေဖို့အတွက် အရေပြားအထူးကု ဆရာဝန်တွေက အောက်ပါနည်းလမ်းတွေကို လမ်းညွှန်အကြံပြုထားကြပါတယ်။

(၁) လက်သည်းတွေကို အမြဲတမ်းသန့်စင်ပြီး ခြောက်သွေ့နေအောင် ထားပါ။ ဒါဟာ ဘက်တီးရီးယားပိုးမွှားနဲ့ တခြားကူးစက်ပိုးတွေကို လက်သည်း၊ ခြေသည်းထဲမဝင်ရောက်အောင် ကာကွယ်ပေးရာရောက်ပါတယ်။

(၂) လက်သည်း၊ ခြေသည်းတွေကို အဖြောင့်အတိုင်းညှပ်ပါ။

(၃) လက်သည်းတွေကို ဘယ်တော့မှ သွားနဲ့မကိုက်မိပါစေနဲ့။ ခြေသည်းတွေကို ခလုတ်မတိုက်မိအောင် သတိထားပါ။

(၄) ခန္ဓာကိုယ်ဟန်ချက် မညီသူတွေအနေနဲ့ ခြေသည်းတွေကို ခပ်တိုတိုညှပ်ထားပေးပါ။ ဒါမှသာ ခြေသည်းထိခိုက်ဒဏ်ရာ ရတာမဖြစ်အောင် ကာကွယ်ပေးထားနိုင်ပါတယ်။

(၅) ခြေစွယ်ငုပ်နေရင် ကိုယ့်ဘာသာကိုယ် မဖော်ပါနဲ့။ ကုသမှုအတွက် အရေပြားအထူးကု ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

(၆) ခြေသည်းတွေထူပြီး ညှပ်ရခက်နေရင် ဆားရေနွေးနွေးလေးထဲမှာ အချိန် ၅- ၁၀ မိနစ် လောက်စိမ်ထားပေးပါ။ ပြီးရင် Urea ဒါမှမဟုတ် Lactic Acid ခရင်မ်ကို လိမ်းထားပေးပါ။ ဒါမှသာ ခြေသည်းတွေ ပျော့ပျောင်းနူးညံ့သွားကာ ညှပ်ရလွယ်ကူသွားမှာပါ။

(၇) ရှုးဖိနပ်စီးတဲ့အခါ ကောင်းကောင်းမြဲမြံတဲ့ ဖိနပ်မျိုးကိုစီးပြီး နေ့စဉ် ဖိနပ်ကိုပြောင်းပြီး တစ်လှည့်စီ စီးသင့်ပါတယ်။

(၈) သင့်မှာ ဆီးချိုသွေးချိုရောဂါ ဒါမှမဟုတ် သွေးလှည့်ပတ်မှုမကောင်းတဲ့ ဝေဒနာရှိပြီး လက်သည်း၊ ခြေသည်းပြဿနာရှိခဲ့ရင် အရေပြားအထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top