Healthy Life Ad
Health Tips

အညိုရောင်သကြား၏ အနာကျက်စေသော အစွမ်း

သင့်အရေပြားမှာ ပြတ်ရှရာတစ်ခုခုဖြစ်ခဲ့ပြီး ပိုးသတ်ဆေးရည် (Anti- septic) အဆင်သင့်မရှိရင် အညိုရောင်သကြားကိုသုံးပြီး အနာကျက်အောင် လုပ်ဆောင်လိုက်ပါ။

“အညိုရောင်သကြားက ရောင်ရမ်းမှုကို လျော့ကျစေပြီး ပိုးသတ်စေနိုင်တဲ့ အစွမ်းရှိတာကြောင့် ကူးစက်ပိုးမဝင်အောင် ကာကွယ်နိုင်ပါတယ်”လို့ The Eco Chick Guide to Life စာအုပ်ရေးသားသူ စတားဗာတန်က ဆိုပါတယ်။

ပြုလုပ်ရမယ့်နည်းက ပြတ်ရှရာကို ဆပ်ပြာနဲ့ရေသုံးပြီး ဆေးကြောလိုက်ပါ။ ပြီးရင် အနာတစ်ခုလုံး ဖုံးအုပ်သွားတဲ့အထိ အညိုရောင်သကြားအနည်းငယ်လိမ်းပြီး ဆေးပလတ်စတာ ကပ်ပေးထားပါ။ နာရီအနည်းငယ်အကြာ ထားပါ။ အချိန် ၃၆ နာရီအတွင်း တစ်ကြိမ်၊ နှစ်ကြိမ်ခန့် ထပ်မံလုပ်ဆောင်ပါ။ အနာကျက်သွားပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top