လရိပ်မေ
ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်အရ လူအများစု နေ့စဉ်ပုံမှန်စားတတ်တဲ့ အစာတွေကို ပြောင်းလဲလိုက်ရုံနဲ့ အဆီလောက်ကျွမ်းမှုများပြီး ကိုယ်အလေးချိန်ကို လျော့ကျစေတယ်လို့ သိရပါတယ်။
နံနက် ၇နာရီ
ရှောင်ပါ – သကြားပါတဲ့ နွားနို့
ကိုယ်အလေးချိန် ဘယ်လောက်လျော့ကျနိုင်သလဲ
တစ်နှစ်မှာ ကိုယ်အလေးချိန် ၂၈ ပေါင် လျော့ကျနိုင်ပါတယ်။ သကြားပါတဲ့ နွားနို့အစား လိမ္မော်ရည် တစ်ဖန်ခွက်ကို သောက်ပေးပါ။
နံနက် ၇နာရီ ၅ မိနစ်
စားပါ- သစ်သီးထည့်ထားတဲ့ ဒိန်ချဉ်
ကိုယ်အလေးချိန် ဘယ်လောက်လျော့ကျနိုင်သလဲ
အဆီများတဲ့ အစာတွေအစား သစ်သီးဒိန်ချဉ် သောက်တာကြောင့် တစ်နှစ်မှာ ကိုယ်အလေးချိန် ၄၁ ပေါင် လျော့ကျနိုင်ပါတယ်။
နံနက် ၁၀ နာရီခွဲ
စားပါ – စတော်ဘယ်ရီသီးတစ်ခွက်
ကိုယ်အလေးချိန် ဘယ်လောက်လျော့ကျနိုင်သလဲ
တစ်နှစ်မှာ ကိုယ်အလေးချိန် ၂၄ ပေါင်လျော့ ကျနိုင်ပါတယ်။ တစ်နေ့ သစ်သီးနှစ်ကြိမ် စားပေးသင့်ပါတယ်။
နံနက် ၁၁ နာရီ
ရှောင်ပါ – ဆော်ဒါအချိုရည်
ကိုယ်အလေးချိန် ဘယ်လောက်လျော့ကျနိုင်သလဲ
တစ်နှစ်မှာ ကိုယ်အလေးချိန် တစ်ပေါင်လျော့ကျနိုင်ပါတယ်။ တစ်နေ့မှာ သကြားပါတဲ့ အချိုရည်တစ်ခွက်သောက်တိုင်း တစ်နှစ်မှာ ကိုယ်အလေးချိန် ၂၅ ပေါင် မြင့်တက်လာနိုင်ပါတယ်။
နေ့လယ် ၁နာရီ
ရှောင်ပါ – ချိစ်၊ ပေါင်မုန့်ဖြူနှင့် အသားပြား
ကိုယ်အလေးချိန် ဘယ်လောက်လျော့ကျနိုင်သလဲ
တစ်နှစ်မှာ ကိုယ်အလေးချိန် ၄၄ ပေါင် လျော့ကျနိုင်ပါတယ်။ တစ်နေ့မှာ အသားပြားတစ်ခု ပုံမှန်စားတိုင်း ကိုယ်အလေးချိန် ၂၃ ပေါင် တက်လာနိုင်ပါတယ်။
နေ့လယ် ၁နာရီ ၅ မိနစ်
ရှောင်ပါ – အာလူးချောင်းကြော်
ကိုယ်အလေးချိန် ဘယ်လောက် လျော့ကျနိုင်သလဲ
တစ်နှစ်မှာ ကိုယ်အလေးချိန် ၄၂ ပေါင် လျော့ကျနိုင်ပါတယ်။
နေ့လယ် ၁နာရီ ၁၅မိနစ်
စားပါ -ဟင်းသီးဟင်းရွက်ရောထားသော နေ့လယ်စာ
ကိုယ်အလေးချိန် ဘယ်လောက် လျော့ကျနိုင်သလဲ
တစ်နှစ်မှာ ကိုယ်အလေးချိန် ၁၈ပေါင် လျော့ကျနိုင်ပါတယ်။ နေ့ စဉ် ဟင်းသီးဟင်းရွက် ဟင်းလျာတစ်ခွက် စားပေးတာက တစ်နှစ်မှာ ဝ ဒသမ ဝ၆ ပေါင် လျော့ကျစေတာကြောင့် ထမင်းစားတိုင်း ဟင်းသီးဟင်းရွက်ကိုပါအောင် ထည့်စားသင့်တာ ဖြစ်ပါတယ်။
ညနေ ၃ နာရီ
စားပါ – ငှက်ပျောသီးတစ်လုံး
ကိုယ်အလေးချိန် ဘယ်လောက် လျော့ကျနိုင်သလဲ
တစ်နှစ်မှာ ကိုယ်အလေးချိန် ၁၂ ပေါင် လျော့ကျနိုင်ပါတယ်။
ညနေ ၃ နာရီ ၁၀ မိနစ်
စားပါ – အခွံမာစေ့ လက်တစ်ဆုပ်စာ
ကိုယ်အလေးချိန် ဘယ်လောက် လျော့ကျနိုင်သလဲ
တစ်နှစ်မှာ ကိုယ်အလေးချိန် ၂၈ ပေါင် လျော့ကျနိုင်ပါတယ်။ တစ်နေ့နှစ်ကြိမ် စားပေးနိုင်ပါတယ်။
ည ၆ နာရီ
သောက်ပါ – ရေ
ကိုယ်အလေးချိန် ဘယ်လောက် လျော့ကျနိုင်သလဲ
သကြားပါသော အားကစားအချိုရည်အစား ရေသောက်တာကြောင့် တစ်နှစ်မှာ ကိုယ်အလေးချိန်ငါးပေါင် လျော့ကျနိုင်ပါတယ်။
ည ၇ နာရီခွဲ
ရှောင်ပါ – အမဲသားကင်
ကိုယ်အလေးချိန် ဘယ်လောက် လျော့ကျနိုင်သလဲ
တစ်နှစ်မှာ ကိုယ်အလေးချိန် ၇၂ ပေါင် လျော့ကျနိုင်ပါတယ်။ အနီရောင်အသားကို နေ့စဉ်စားရင် တစ်နှစ်မှာ ကိုယ်အလေးချိန် ၂၄ ပေါင် မြင့်တက်စေနိုင်ပါတယ်။
ည ၇နာရီ ၃၅မိနစ်
စားပါ – ဆန်လုံးညိုနှင့် ဟင်းသီးဟင်းရွက်ဟင်း
ကိုယ်အလေးချိန် ဘယ်လောက် လျော့ကျနိုင်သလဲ
တစ်နှစ်မှာ ကိုယ်အလေးချိန် ၁၅ ပေါင် မြင့်တက်နိုင်ပါတယ်။ အခွံချွတ်မထားတဲ့ ကောက်နှံစာတစ်ခွက်ကို နေ့စဉ်ပုံမှန်စားတိုင်း တစ်နှစ်မှာ ကိုယ်အလေးချိန် ဝ ဒသမ ဝ၉ ပေါင် လျော့ကျပြီး ဟင်းသီးဟင်းရွက် တစ်ခွက်စားတိုင်း ကိုယ်အလေးချိန် ဝ ဒသမ ဝ၆ ပေါင် လျော့ကျနိုင်ပါတယ်။
ည ၈နာရီ
ရှောင်ပါ – ရေခဲမုန့်နှင့် ကွတ်ကီးများ
ကိုယ်အလေးချိန် ဘယ်လောက် လျော့ကျနိုင်သလဲ
တစ်နှစ်မှာ ကိုယ်အလေးချိန် လေးပေါင် လျော့ကျစေနိုင်ပါတယ်။
ည ၈နာရီ ၁၅ မိနစ်
သောက်ပါ – ရေ
ကိုယ်အလေးချိန် ဘယ်လောက် လျော့ကျနိုင်သလဲ
ဝိုင်သောက်မယ့်အစား ရေသောက်ပေးရင် တစ်နှစ်မှာ ကိုယ်အလေးချိန် ငါးပေါင် လျော့ကျနိုင်ပြီး ရေဓာတ်ပြည့်ဝနေစေပါတယ်။