Healthy Life Ad
Q & A

သကြားကို တစ်နေ့ဘယ်လောက် စားနိုင်သလဲ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. သကြားကို တစ်နေ့ဘယ်နှဇွန်း စားနိုင်ပါသလဲ။
San San(FB)

A. သကြားကို တစ်ရက်လက်ဖက်ရည်ဇွန်း ခုနစ်ဇွန်းထက် ပိုမစားသင့်ပါဘူး။ သကြားက လက်ဖက်ရည်ဇွန်းနဲ့ သုံးဇွန်းစားမယ်ဆိုရင် ကယ်လိုရီအားဖြင့် ၆၀ ဂရမ်ရပါတယ်။ ကာဗိုဟိုက်ဒရိတ်က ၁၅ ဂရမ်ရမယ်။ ဒါကြောင့် လူတစ်ယောက်မှာ သကြားကို လက်ဖက်ရည်ဇွန်းနဲ့ ခုနှစ်ဇွန်းထက် ပိုမစားသင့်ပါဘူး။ ကိုယ်စားနေတဲ့ အစားအသောက်ထဲမှာ သကြားပါတဲ့အတွက် ပိုစားမိတာမျိုး ဖြစ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ ကော်ဖီကို တစ်ရက်ဘယ်နှခွက်သောက်သလဲ၊ အချိုရည် ဘယ်နှခွက်သောက်သလဲဆိုတဲ့အပေါ် မူတည်နေလို့ပါ။ လူတိုင်းလိုလို ကော်ဖီသောက်တဲ့အခါ လက်ဖက်ရည်ဇွန်းနဲ့ သုံးဇွန်းထည့်တတ်ကြပါတယ်။ ကော်ဖီခွက်နှစ်ခွက်သောက်ရင် ခြောက်ဇွန်းဖြစ်သွားပါပြီ။ အချိုရည်သောက်မယ်၊ မုန့်တွေစားမယ်ဆိုရင် သကြားက ပိုများသွားပါပြီ။ ဒါကြောင့် သကြားအနေနဲ့စားမယ်ဆိုရင် ခုနှစ်ဇွန်းပဲစားပါ။ လက်ဖက်ရည်၊ ကော်ဖီသောက်ရင် နှစ်ခွက်ထက်တော့ မပိုသင့်ပါဘူး။

Most Popular

Healthy Life Ad
To Top