Healthy Life Ad
Health Tips

သံပရာရည်၏ ကျန်းမာရေးအကျိုးကျေးဇူး

စူး (ဆေးဝါးတက္ကသိုလ်)

သံပရာရည်မှာ ကျန်းမာရေးအာနိသင် များစွာပါဝင်တာကြောင့် လန်းဆန်းစေတဲ့ အရည်အဖြစ် သောက်သုံးကြပါတယ်။

• သံပရာရည်မှာ ဗီတာမင်စီနဲ့ အင်တီအောက်ဆီးဒင့်တွေ အကောင်းဆုံးပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ဖယ်ရှားပေးကာ ခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

• သံပရာရည်ဟာ ပိုးဝင်ကူးစက်မှုတွေမဖြစ်အောင် ကာကွယ်ပေးပြီး ဓာတ်မတည့်မှုကို လျော့ကျစေပါတယ်။ ပိုးသတ်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် အနာကျက်မြန်စေပါတယ်။ လည်ချောင်းနာတာ၊ အာသီးရောင်တာတွေကို သက်သာစေပါတယ်။

• သံပရာရည်ဟာ အစာခြေစနစ်ကို ကျန်းမာရေးကောင်းစေပြီး ခန္ဓာကိုယ်ရဲ့ဇီဝရုပ်ဖြစ်ပျက်မှုကို အားပေးကာ ဝမ်းချုပ်တာ၊ အစာမကြေတာ၊ ပျို့ချင်အန်ချင်ဖြစ်တာ၊ ရင်ပူတာ စတဲ့အစာခြေစနစ် ပြဿနာတွေကိုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

• သံပရာရည်ဟာ ခန္ဓာကိုယ်တွင်းစနစ်တွေကို သန့်စင်စေပြီး အဆိပ်တွေကို ပြေစေပါတယ်။

• သံပရာရည်ဟာ ဆီးသွားစေတဲ့ အာနိသင်ရှိတာကြောင့် ဆီးလမ်းကြောင်း ပိုးဝင်နေသူတွေအတွက် အကျိုးကျေးဇူးရှိပါတယ်။

• သံပရာရည်ကို နေ့စဉ်သောက်ပေးရင် အဝလွန်တာနဲ့ ဗိုက်အဆီရှိတာကို လျော့ပါးစေပါတယ်။

• သံပရာရည်ဟာ အသားအရေနဲ့ ဆံပင်သားကျန်းမာရေးအတွက် အရေးပါတဲ့ အိမ်သုံးဆေးပါ။ သံပရာရည်ကို ပုံမှန်သောက်တာက အရေပြားကို ကြည်လင်အောင် ပြုပြင်ပေးပြီး အသားအရေကို ဝင်းပသန့်စင်စေပါတယ်။ သံပရာရည်ကို မျက်နှာပေါ်မှာ လိမ်းပေးရင် နေလောင်ဒဏ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သံပရာရည်ကို ခေါင်းမလျှော်ခင် ဆံပင်ပေါ်လိမ်းပေးပြီး ရေနဲ့ဆေးချပေးရင် သန့်စင်တောက်ပစေပါတယ်။

• ဆောင်းရာသီမှာ နှုတ်ခမ်းကွဲနေပါက နှုတ်ခမ်းသားပေါ် သံပရာရည်နဲ့ ဂလစ်စရင်းအလှဆီကို ရောမွှေပြီး လိမ်းပေးရင် အနာကျက်စေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top