Healthy Life Ad
Life Style

မျက်ခုံးမွေး ထူထဲလှပချင်သလား

လရိပ်မေ

မျက်ခုံးမွေးဆိုတာလည်း မျက်နှာအလှအတွက် အရေးပါတဲ့အစိတ်အပိုင်းပါပဲ။ မျက်ခုံးမွေးရဲ့ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာက ချွေး၊ မိုးရေနဲ့ တခြားအစိုဓာတ်ထိန်းခရင်မ်အရည်တွေ မျက်စိထဲ မဝင်ရောက်အောင် ကာကွယ်ဖို့ ဖြစ်ပါတယ်။ မျက်ခုံးမွေးရှည်လာဖို့ အချိန်ယူရပြီး စိတ်ရှည်သည်းခံဖို့လည်း လိုပါတယ်။ ဒါကြောင့် မျက်ခုံးမွေးထူထဲလှပစေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

(၁) မျက်ခုံမွေးသန်စွမ်းဖို့အတွက် လိုအပ်တဲ့ဓာတ်တွေက ဆံပင်သန်စွမ်းဖို့ လိုအပ်တဲ့ဓာတ်တွေနဲ့ အတူတူပါပဲ။ ဗီတာမင် အေ၊ စီ၊ B3 နဲ့ အီးတွေက မျက်ခုံးမွေးသန်စွမ်းဖို့ လှုံ့ဆော်ပေးနိုင်တဲ့ မရှိမဖြစ်ဗီတာမင်ဓာတ်တွေ ဖြစ်ပါတယ်။

(၂) မျက်ခုံးမွေးကို ဘရပ်ရှ်နဲ့ ဖြီးတဲ့အခါ မျက်ခုံးမွေးပေါက်ရာ ဦးတည်ချက်အတိုင်း ဖြီးသင့်ပါတယ်။ မျက်ခုံးမွေးကို မျက်နှာဘေးဘက်သို့ အထက်၊ အောက်အတိုင်း ဖြီးပေးပါ။ မျက်ခုံးမွှေးကို အရှည်မြန်စေပါတယ်။

(၃) မျက်ခုံးမွေးသန်စွမ်းကျန်းမာစေဖို့ မျက်ခုံးမွေးကို အမြဲအစိုဓာတ်ရှိအောင် ထားသင့်ပါတယ်။ မျက်ခုံးမွေးက ခြောက်သွေ့နေရင် မျက်ခုံးမွေးကျွတ်လွယ်စေပါတယ်။

(၄) ဗီတာမင်၊ အစိုဓာတ်ထိန်းခရင်မ်နဲ့ ပရိုတင်းဓာတ်တွေပါတဲ့ မျက်ခုံးမွေးလိမ်းပစ္စည်းတွေက မျက်ခုံးမွေးကို သန်စွမ်းစေပါတယ်။

(၅) မျက်ခုံးမွေးသန်စွမ်းစေတဲ့ အရေးကြီးသတ္တုဓာတ် ဆာလဖာဓာတ်ပါတဲ့ ဖြည့်စွက်ဆေးကို သုံးနိုင်ပါတယ်။ အသားနဲ့ပဲတွေကို စားတဲ့နည်းနဲ့ ဆာလဖာဓာတ်ရရှိနိုင်တဲ့အပြင် မျက်ခုံးမွေးကိုလည်း သန်စွမ်းစေပါတယ်။

(၆) သံလွင်ဆီ၊ ကြက်ဆူဆီနဲ့ ဗက်ဆလင်းဆီတွေကို သုံးပြီး အရေပြားကိုလိမ်းပေးနိုင်သလို မျက်ခုံးကိုပါ လိမ်းပါ။ ညအိပ်ရာဝင်ခါနီးလိမ်းပေးရင် အကောင်းဆုံးဖြစ်ပါတယ်။

(၇) နွားနို့ခွက်ထဲဂွမ်းစနှစ်ပြီး မျက်ခုံးပေါ်ကို သုတ်လိမ်းပေးပါ။ နွားနို့မှာ ပရိုတင်းဓာတ်ပါဝင်ပြီး မျက်ခုံးမွေးအရင်းကိုပါ အားဖြည့်ပေးတာကြောင့် မျက်ခုံးမွေးကို သန်စွမ်းစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top