Healthy Life Ad
Life Style

မျက်ခုံးနှစ်ခုကြားတွန့်ရာကင်းစင်ဖို့

၊ လရိပ်မေ ၊

မကြာခဏ စိတ်တိုဒေါသထွက်တာနဲ့ အလွန်အမင်း ဝမ်းနည်းတာမျိုးမဖြစ်စေဖို့ သတိထားပါ။ ဒီလိုဖြစ်တဲ့အခါ လူအများစုက မျက်မှောင်ကြုတ်မိတတ်လို့ပါ။

အပြင်ထွက်တဲ့အခါ နေကာမျက်မှန် တပ်ဆင်ပါ။

အပြင်သွားမယ်ဆိုတဲ့အခါတိုင်း နေကာခရင်မ် လိမ်းပါ။ ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားရှိ ကော်လာဂျင်အမျှင်တွေကို ထိခိုက်စေနိုင်ပြီး အရေးကြောင်း ဖြစ်စေနိုင်ပါတယ်။ နေကာနိုင်စွမ်း အနည်းဆုံး SPF ၁၅ ဆပါဝင်တဲ့ နေကာခရင်မ်ကို လိမ်းပေးပါ။

ကွန်ပျူတာသုံးနေစဉ် ဒါမှမဟုတ် စာဖတ်နေစဉ်အတွင်း မျက်မှောင်မကြုတ်မိအောင် သတိထားပါ။ မျက်မှန်လိုရင် မျက်မှန်တပ်ပါ။ မျက်စိအမြင်အာရုံဝေ၀ါးမှုကြောင့် စာလုံးတွေကို အာရုံစိုက်လွန်းပါက မျက်မှောင်ကြုတ်မိနိုင်လို့ပါ။

မျက်နှာသစ်တဲ့အခါ ဆပ်ပြာတွေကို မသုံးပါနဲ့။ ဆပ်ပြာဟာ မျက်နှာအရေပြားကို ခြောက်သွေ့စေပြီး ခြောက်သွေ့တဲ့အရေပြားဟာ အရေးကြောင်းဖြစ်နိုင်ခြေကို မြင့်မားစေတာကြောင့်ပါ။

မျက်နှာအသားအရေ စိုပြည်ချောမွေ့စေဖို့ ရာအတွက် အစိုဓာတ်ထိန်းခရင်မ်နဲ့ အားဖြည့်ခရင်မ်တို့ကို မှန်မှန်လိမ်းသင့်ပါတယ်။ ဗီတာမင်အီးအဆီကို မျက်နှာမှာ လိမ်းတာက အရေပြားကိုအားဖြည့်စေပြီး အရေပြားမှာ ရေဓာတ်ထိန်းနိုင်စေပါတယ်။

ရေများများသောက်ပါ။ ရေဓာတ်ပြည့်ဝတာကြောင့် အရေပြားရဲ့ တင်းအားကို အကောင်းဆုံးဖြစ်စေပြီး တင်းရင်းလှပစေပါတယ်။

ဆေးလိပ်သောက်တာကြောင့် အရေပြားဆဲလ်တွေကို အားနည်းစေပြီး အရေးကြောင်းဖြစ်ပေါ်စေတာကြောင့် ဆေးလိပ်မသောက်သင့်ပါ။

အရေးကြောင်းကို ကာကွယ်ပေးနိုင်တဲ့ ရက်တီနောပါဝင်တဲ့ ခရင်မ်ကို မျက်နှာအရေပြားနဲ့ မျက်ခုံးနှစ်ခုကြား အရေပြားနေရာကို လိမ်းပေးပါ။ အရေးကြောင်းကို လျော့ပါးစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top