Healthy Life Ad
Life Style

မျက်ခုံး ပုံသွင်းရာတွင် သိထားသင့်သည့် လျှို့ဝှက်ချက်များ

၊ လရိပ်မေ ၊

မျက်ခုံးဆိုတာ မျက်နှာပုံပန်းသဏ္ဍာန်အတွက် အရေးပါတဲ့အစိတ်အပိုင်းတစ်ခုပါ။ မျက်ခုံးတွေကို စနစ်တကျပုံသွင်းပြုပြင်ထားရင် မျက်နှာကို ပင့်တင်ထားသလိုဖြစ်စေပြီး ပိုကြည့်ကောင်းစေပါတယ်။

(၁) မျက်ခုံးကို အလွန်အမင်း မနုတ်သင့်
အလှပဆုံး မျက်ခုံးဆိုတာ သဘာဝကျကျ ထူထဲလှပနေတဲ့ မျက်ခုံးပါ။ အမျိုးသမီးတွေက မျက်ခုံးတွေကို အလွန်အမင်း နုတ်ပစ်တတ်ပါတယ်။ ဒါက မှားယွင်းတဲ့အပြုအမူပဲ ဖြစ်ပါတယ်။ တကယ်လို့ သင့်မျက်ခုံးတွေကျဲပါးနေရင်တောင် ညအိပ်ရာမဝင်ခင် ကြက်ဆူဆီလိမ်းပြီး အိပ်သင့်ပါ တယ်။ ကြာလာတဲ့အခါ မျက်ခုံးထူထဲ လှပလာမှာပါ။

(၂) မှန်ကန်သော မျက်ခုံးပုံဖော်ပါ
သင့်မျက်ခုံးတွေကိ တစ်ခါမှပုံမဖော်ဖူးဘူးဆိုရင် ကျွမ်းကျင်သူနဲ့ ပထမဆုံးအကြိမ် ပုံသွင်းအလှ ပြင်ပါ။ သင့်မျက်ခုံးကို သင့်မျက်နှာကျပုံစံနဲ့ လိုက်အောင် ပုံဖော်ပေးပါလိမ့်မယ်။ နောက်ပိုင်းမှာ အဲဒီပုံအတိုင်း မိမိဘာသာ ပုံသွင်းပေးပါ။

(၃) မျက်ခုံးရှည်နေလျှင် ကတ်ကြေးဖြင့် ညှပ်ပါ
တစ်ခါတလေ မျက်ခုံးကို နုတ်ဖို့၊ ရိတ်ဖို့ မလိုပါဘူး၊ မျက်ခုံးကိုတိုအောင် ညှပ်ပေးဖို့ပဲ လိုတာပါ။ ကတ်ကြေးအသေးတစ်လက်နဲ့မျက်ခုံးကို ညှပ်ပေး ပါ။

(၄) မျက်ခုံးကို အရောင်ဆိုးပါ
ဆံပင်အရောင်ဆိုးတဲ့အခါ မျက်ခုံးကို အရောင်ပြောင်းဖို့သတိရပါ။ သင့်ဆံပင်အရောင်ထက် ပိုရင့်လွန်း၊ ပိုဖျော့လွန်းတဲ့မျက်ခုံးအရောင် မဖြစ်သင့်ပါဘူး။

(၅) သင့်တော်သောအရာဖြင့် မျက်ခုံး အရောင်ခြယ်ပါ
မျက်ခုံးမွေးဆွဲတဲ့အခါ ဖယောင်းသုံးတာ၊ ပေါင်ဒါမှုန့်သုံးတာ၊ ခဲတံနဲ့ ခြယ်တာစတဲ့ နည်းအမျိုးမျိုးအနက် မျက်ခုံးဆွဲခဲတံနဲ့အရောင်ခြယ်တာက သင့်တော်ပြီး ကောင်းမွန်တဲ့နည်းဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top