Healthy Life Ad
Health Tips

ရူမတွိုက် အဆစ်နာဖြစ်ခြင်း

စူး (ဆေးဝါးတက္ကသိုလ်)

ရူမတွိုက်အဆစ်နာရောဂါက ကမ္ဘာပေါ်ရှိလူဦးရေသန်းနဲ့ချီပြီး ခံစားနေရတဲ့ဝေဒနာပါ။ မျိုးရိုးကြောင့်ဖြစ်တဲ့ အဆစ်ရောဂါ တစ်မျိုးဖြစ်ပြီး လက်တံတောင်၊ လက်ချောင်း၊ ဒူးဆစ်၊ မေးရိုးနဲ့ တင်ပဆုံရိုးတွေတောင် ထိခိုက်စေနိုင်ပါတယ်။ အဆစ်နဲ့အရွတ်တွေ ရောင်ရမ်းတဲ့အခါ နာကျင်မှုဖြစ်တတ်ပါတယ်။ ကြာလာရင် ပုံပျက်နိုင်ပါတယ်။ ရူမတွိုက်အဆစ်နာတဲ့ ဝေဒနာလက္ခဏာသက်သာစေဖို့ အောက်ပါသဘာဝနည်းတွေကို သုံးနိုင်ပါတယ်။

သဘာဝဆေး (၁) ရေကုထုံး
ရူမတွိုက်အဆစ်နာကြောင့် ရောင်ရမ်းနာကျင်မှု သက်သာစေမယ့် အိမ်တွင်းကုထုံးတစ်ခုက ရေကုထုံးဖြစ်ပါတယ်။ နာကျင်တဲ့ အဆစ်နေရာကို ရေနွေး(ခပ်နွေးနွေးရေ)ထဲမှာ အချိန်တစ်နာရီကြာစိမ်ပေးပါ။ နာကျင်မှုနဲ့ရောင်ရမ်းမှု သက်သာစေပါတယ်။

သဘာဝဆေး (၂) နနွင်
အဆစ်နာတာနဲ့ရောင်ရမ်းတာ သက်သာစေဖို့ နနွင်းကိုသုံးပါ။ နနွင်းမှာ ကာကူမင်ဓာတ်ပါတဲ့အတွက် အဆစ်ရောင်ရမ်းမှု၊ နာကျင်မှုနဲ့ တောင့်တင်းမှုတွေ လျော့ကျစေပါတယ်။ စားနေကျအစာထဲ နနွင်းမှုန့်ထည့်စားတာနဲ့ နာကျင်တဲ့အဆစ်နေရာကို နနွင်းလိမ်းပေးတာတို့လည်း လုပ်နိုင်ပါတယ်။

သဘာဝဆေး (၃) ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်ကို ရောင်ရမ်းမှုတွန်းလှန်ဖို့နဲ့ နာကျင်ကိုက်ခဲမှုလျော့ပါးစေဖို့ သုံးနိုင်ပါတယ်။ ရှားစောင်းလက်ပပ်ဖျော်ရည် သောက်တာက ကိုယ်ခံအားစနစ်ကောင်းမွန်စေတဲ့အပြင် အဆစ်တောင့်တင်းနာကျင်မှုမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ရှားစောင်းလက်ပပ်က ခန္ဓာကိုယ်ထိခိုက်မှုမှ ပြန်လည်သက်သာလာအောင် ပြုပြင်ပေးပါတယ်။

သဘာဝဆေး (၄) ရေနွေးအိတ်
ပူနွေးတဲ့အပူချိန်က အဆစ်ရောင်ရမ်းတာကို လျော့ကျစေပါတယ်။ ရေနွေးအိတ်ကို ရောင်နေတဲ့အဆစ်ပေါ်တင်ပြီး အဆစ်ထဲအပူဝင်အောင်နှိပ်ပေးပါ။ ဒီနည်းက နာကျင်ရောင်ရမ်းမှု သက်သာစေပါတယ်။

သဘာဝဆေး (၅) ယူကလစ်ဆီ
ဒါကတော့ ရှေးကတည်းက သုံးတဲ့ အိမ်တွင်းကုထုံးပါ။ ယူကလစ်ဆီနည်းနည်းကို ပူနွေးအောင်လုပ်ပြီး ရောင်ရမ်းနေတဲ့ အဆစ်ပေါ်သုတ်လိမ်းပါ။ ပြီးရင် ပလတ်စတစ်အုပ်ပြီး ရေနွေးငွေ့လှုံ့ထားတဲ့ တဘက်အုပ်ထားပါ။ ဒီနည်းကို အိပ်ရာဝင်ခါနီး ပြုလုပ်ပေးရင် နာကျင်ကိုက်ခဲရောင်ရမ်းမှု လျော့ပါးစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top