Healthy Life Ad
Q & A

အဆစ်နာရောဂါရှိသူ (Rheumatoid Arthritis) တို့အတွက်

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. အဆစ်နာရောဂါ (Rheumatoid Arthritis) ရှိသူတွေအနေနဲ့ ဆီစားလို့ရပါသလား။

A. အဆစ်နာရောဂါ (Rheumatoid Arthritis) ဆိုတာ ကိုယ့်ကိုယ်ကိုယ် အဆိပ်ဖြစ်စေတဲ့ရောဂါ (Autoimmune Disease) ထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒီလိုရောဂါရှိသူတွေက ဆီစားသင့်သလားဆိုရင် သင့်တော်လျှောက်ပတ်တဲ့ ဆီဆိုရင် စားလို့ရပါတယ်။ အထူးသဖြင့် မပြည့်ဝဆီဆိုရင် စားလို့ရပါတယ်။ ပြည့်ဝဆီအမျိုးအစားတွေဖြစ်တဲ့ ဝက်ဆီ၊ ကြက်ဆီ၊ အမဲသားအဆီတို့လို တိရစ္ဆာန်အဆီတွေ

“အဆစ်နာရောဂါ (Rheumatoid Arthritis) ရှိသူတွေမှာ ရှောင်ခိုင်းတဲ့ အစားအသောက်တွေကတော့ နည်းနည်းပဲရှိပါတယ်။ အထူးသဖြင့် ကိုယ်တွင်းကလီစာတွေ (Organ Meat) ရှောင်ရပါမယ်၊ မှိုတွေ၊ မျှစ်တွေ ရှောင်ရပါမယ်။ ဘီယာရှောင်ရပါမယ်။ စတော်ဘယ်ရီရှောင်ရပါမယ်” . . .

ဆိုရင် မစားသင့်ပါဘူး။ ပြီးတော့ ဟင်းအနှစ်တွေ များများစားတာမျိုး ရှောင်ရပါမယ်။

အဆစ်နာရောဂါ (Rheumatoid Arthritis) ရှိသူတွေမှာ ရှောင်ခိုင်းတဲ့ အစားအသောက်တွေကတော့ နည်းနည်းပဲရှိပါတယ်။ အထူးသဖြင့် ကိုယ်တွင်းကလီစာတွေ (Organ Meat)ရှောင်ရပါမယ်၊ မှိုတွေ၊ မျှစ်တွေ ရှောင်ရပါမယ်။ ဘီယာရှောင်ရပါမယ်။ စတော်ဘယ်ရီရှောင်ရပါမယ်။

အဆစ်နာရောဂါ (Rheumatoid Arthritis)နဲ့ ပတ်သက်ပြီး ရှောင်ရမယ့်အစားအသောက်တွေ ရှိပေမယ့် တချို့က လွဲမှားပြီး ပဲပင်ပေါက်ရှောင်တာမျိုး၊ မြေထဲခြောက်လက်မ-မြေပေါ်ခြောက်လက်မ ရှောင်ရမယ်ဆိုတာမျိုး ယုံကြည်မှုမှားတာလေးတွေ ရှိပါတယ်။ ဒီလောက်အထိတော့ ရှောင်စရာမလိုပါဘူး။

အထူးသဖြင့် ကိုယ်တွင်းကလီစာတွေမှာ အဆီများများ ပါဝင်တဲ့အတွက် အဆစ်နာရောဂါ (Rheumatoid Arthritis) ဖြစ်ဖြစ်၊ ရိုးရိုးအဆစ်ရောင်နာ (Arthritis)ပဲဖြစ်ဖြစ် ဒါတွေကို ရှောင်စေချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top