Healthy Life Ad
Health Tips

သံပရာရည်၏ ကျန်းမာရေးအကျိုးကျေးဇူး

စူး ၊ (ဆေးဝါးတက္ကသိုလ်)

သံပရာရည်မှာ ကျန်းမာရေးအာနိသင်များစွာ ပါဝင်တာကြောင့် လန်းဆန်းစေတဲ့ အရည်အဖြစ် သောက်သုံးကြပါတယ်။
– သံပရာရည်မှာ ဗီတာမင်စီနဲ့ အင်တီအောက်ဆီးဒင့်တွေ အကောင်းဆုံးပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ဖယ်ရှားပေးကာ ခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်။
-သံပရာရည်ဟာ ပိုးဝင်ကူးစက်မှုတွေမဖြစ်အောင် ကာကွယ်ပေးပြီး ဓာတ်မတည့်မှုကို လျော့ကျစေပါတယ်။ ပိုးသတ်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် အနာကျက်မြန်စေပါတယ်။ လည်ချောင်းနာတာ၊ အာသီးရောင် တာတွေကို သက်သာစေပါတယ်။
– သံပရာရည်ဟာ အစာခြေစနစ်ကို ကောင်းစေပြီး ခန္ဓာကိုယ်ရဲ့ဇီဝရုပ်ဖြစ်ပျက်မှုကို အားပေးကာ ဝမ်းချုပ်တာ၊ အစာမကြေတာ၊ ပျို့ချင် အန်ချင်ဖြစ်တာ၊ ရင်ပူတာစတဲ့ အစာခြေစနစ ်ပြဿနာတွေကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
-သံပရာရည်ဟာ ခန္ဓာကိုယ်တွင်းစနစ်တွေကို သန့်စင်စေပြီး အဆိပ်တွေကို ပြေစေပါတယ်။
-သံပရာရည်ဟာ ဆီးသွားစေတဲ့ အာနိသင်ရှိတာကြောင် ့ဆီးလမ်းကြောင်းပိုးဝင်နေသူတွေအတွက် အကျိုးကျေးဇူးရှိပါတယ်။
-သံပရာရည်ကို နေ့စဉ်သောက်ပေးရင် အဝလွန်တာနဲ့ ဗိုက်အဆီရှိတာကို လျော့ပါးစေပါတယ်။
-သံပရာရည်ဟာ အသားအရေနဲ့ ဆံပင်သား ကျန်းမာရေးအတွက် အရေးပါတဲ့ အိမ်သုံးဆေးပါ။ သံပရာရည်ကို ပုံမှန်သောက်တာက အရေပြားကို ကြည်လင်အောင်ပြုပြင်ပေးပြီး အသားအရေကို ဝင်းပသန့်စင်စေပါတယ်။ သံပရာရည်ကို မျက်နှာပေါ်မှာ လိမ်းပေးရင် နေလောင်ဒဏ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သံပရာရည်ကို ခေါင်းမလျှော်ခင် ဆံပင်ပေါ်လိမ်းပေးပြီး ရေနဲ့ ဆေးချပေးရင် သန့်စင်တောက်ပစေပါတယ်။
-ဆောင်းရာသီမှာ နှုတ်ခမ်းကွဲနေပါက နှုတ်ခမ်းသားပေါ် သံပရာရည်နဲ့ဂလစ်စရင်းအလှဆီက ိုရောမွှေပြီး လိမ်းပေးရင် အနာကျက်စေနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top