Healthy Life Ad
Health Tips

မြေပဲဆီ၏ကျန်းမာရေး အကျိုးကျေးဇူးများ

စူး (ဆေးဝါးတက္ကသိုလ်)

မြေပဲကို လှော်တာ၊ ကြော်တာ၊ ပြုတ်တာ၊ ဟင်းချက်တာ စတဲ့ နည်းအမျိုးမျိုး ပြုလုပ်ပြီး စားသုံးနိုင်တဲ့အပြင် မြေပဲကနေ ဆီထုတ်ပြီးလည်း ဟင်းချက်ဆီအဖြစ် အသုံးပြုလေ့ရှိကြပါတယ်။ မြေပဲဆီက အဝါရောင်ရှိပြီး အနံ့သင်းပျံ့ကာ ချိုမြိန်တဲ့အရသာကို ပေးစွမ်းနိုင်ပါတယ်။

– မြေပဲဆီမှာ စွမ်းအင်အများအပြား ပါဝင်ပါတယ်။ မြေပဲဆီ ၁၀ဝ ဂရမ်ဟာ ၈၈၄ ကယ်လိုရီ ပါဝင်ပါတယ်။

-မြေပဲဆီမှာ ပါဝင်တဲ့ အဆီဓာတ်တွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အချိုးအစားရှိပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးများ

(၁) မြေပဲဆီဟာ ပြည့်ဝဆီပါဝင်မှုနည်းပြီး ကိုလက်စထရော ကင်းဝေးပါတယ်။ မရှိမဖြစ် ဖက်တီးအက်စစ် ပါဝင်တဲ့အတွက် ကျန်းမာရေးနဲ့ အညီညွတ်ဆုံး ဟင်းချက်ဆီတစ်မျိုးထဲမှာ ပါဝင်နေပါတယ်။

(၂) ဟင်းသီးဟင်းရွက်ဆီဖြစ်တာကြောင့် နှလုံးရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်။ အပင်ထွက် စတီ ရော ပါဝင်မှုကြောင့် အူလမ်းကြောင်းထဲ ကိုလက်စထ ရောစုပ်ယူမှုကို ဟန့်တားပေးကာ ကိုလက်စရော

ပမာဏကို ၁၀-၁၅ ရာခိုင်နှုန်း လျော့ကျစေနိုင်ပါတယ်။

(၃) မြေပဲဆီမှာ ကယ်လိုရီ ပါဝင်မှု မြင့်မားပါတယ်။ ဒါပေမဲ့ မိုနိုမပြည့်ဝဆီ ပါဝင်တာကြောင့် မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပြီး ကောင်းတဲ့ ကိုလက်စထရောကို တိုးစေပါတယ်။ လေ့လာမှုအရ မိုနို မပြည့်ဝဆီပါဝင်တဲ့ မြေထဲပင်လယ်ဒေသအစာ တွေဟာ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ လေဖြတ်ဝေဒနာ မဖြစ်အောင် ကာကွယ်ပေးတယ်လို့ သိရပါတယ်။
(၄) မြေပဲဆီမှာ အင်တီအောက်ဆီးဒင့် ရက်စ်ဗာရ ထရောပါဝင်တာကြောင့် ကင်ဆာ၊ နှလုံးရောဂါ၊ နာ့ဗ် ကြောထိခိုက်မှုရောဂါ၊ အယ်လ်ဇိုင်းမားရောဂါနဲ့ ဗိုင်းရပ်စ် ဖန်းဂတ်စ်ပိုးဝင်တာတို့ မဖြစ်အောင် ကာကွယ်

ပေးနိုင်စွမ်းရှိပါတယ်။

(၅) လေ့လာမှုတွေအရ မြေပဲဆီမှာ ပါဝင်တဲ့ ရက်စ်ဗာရထရောဟာ သွေးကြောထဲက မော်လီကျူးဖြစ်စဉ် ကို ပြောင်းလဲပေးတဲ့အတွက် လေဖြတ်ဝေဒနာ ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ သိရပါတယ်။ သွေးကြောကျဉ်း စေတဲ့ ဟော်မုန်းရဲ့လုပ်ဆောင်မှုကို ကျစေပြီး သွေးကြောကျယ်စေတဲ့ နိုက်ထရစ်အောက်ဆိုက် ထုတ်လုပ်မှုကို တိုးစေလို့ ဖြစ်ပါတယ်။
(၆) မြေပဲဆီမှာ အင်တီအောက်ဆီးဒင့် ဗီတာမင်အီး အလုံအလောက်ပါဝင်ပါတယ်။ ဗီတာမင်အီးဟာ အစွမ်း ထက်ဆီပျော် အင်တီအောက်ဆီးဒင့်တစ်မျိုး ဖြစ်ပြီး အန္တရာယ်ရှိတဲ့ ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုကို တွန်းလှန်ပေးကာ

ဆဲလ်အမြှေးပါးခိုင်ခံ့မှုနဲ့ အရေပြားတင်းအားကောင်းမွန်မှုတို့ကို ထိန်းသိမ်းပေးပါတယ်။

(၇) မြေပဲဆီက ဟင်းသီးဟင်းရွက်အရင်းအမြစ်ဖြစ်တာကြောင့် ချက်ပြုတ်ကြော်လှော်လို့ သင့်တော်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top