Healthy Life Ad
Q & A

ပျောက်နေတယ်…သူ ဘယ်များရောက်နေပါလိမ့်

မေး. သမီး ပုံမှန်အမြဲရာသီမှန်ပါတယ်။ တစ်လတစ်ခါ ၃ရက်ပါ။ အဖြူလည်း မဆင်းပါဘူးရှင့်။ ရာသီကတော့ နှစ်ရက်လောက်ရှိပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီလ တစ်လလုံးပျောက်ပြီး မတ်လမှပြန်ပေါ်ပါတယ်။ အခုကျတော့ ဧပြီလရော မေလရောပျောက်နေပြန်ပါတယ်။ ထပ်ပဲစောင့်ရမလား၊ ဆေးခန်းပြရတော့မလား အကြံပေးပါဦးနော် ဆရာ။ အပျိုဖော်ဝင်ခါစကတော့ တစ်လလောက်ထိန်တာဖြစ်ဖူးပါတယ်။ အခုက ၂လကျော်နေပြီဆိုတော့ စိတ်ပူလို့ပါဆရာ။

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ရာသီတွေ မမှန်ဘူး၊ ပျောက်နေတယ်၊ သူဘယ်များရောက်နေပါလိမ့်… ရွာစေချင်ရင် မရွာနိုင်ဘူး၊ မရွာစေချင်ရင်တော့ သွန်းဖြိုးမစဲတော့တယ်ဆိုတာ “ရာသီ”ပါပဲ။ ရာသီပျောက်ပျောက်သွားတဲ့ တရားခံတွေကအများကြီး။ အပျိုလား အအိုလားမသိ။ ရည်းစားရှိလား မရှိလားမသိတော့ ကိုယ်ဝန်ရှိနေလို့များလားလို့ မေးဖို့က အားနာစရာ။ အရမ်းဝ အရမ်းပိန် ကိုယ်အလေးချိန် အပြောင်းအလဲတွေကလည်း ရာသီပျောက်စေတယ်။ စိတ်ဖိစီးမှုတွေ ဥပမာ- ရီးစားသူများနောက် ပါသွားတာတွေကလည်း ရာသီမမှန်တာဖြစ်တတ်ပြန်ရော။ ဓမ္မတာအကြောင်းရေးထားတဲ့ ဆရာ့စာအုပ် “မိန်းမသားတို့ဘဝမှာ မရှိမဖြစ်အရေးပါ အဲဒါဓမ္မတာ” စာအုပ်လေး ဖတ်ကြည့်ပါဦး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top