Healthy Life Ad
Q & A

ကိုယ်ဝန်နှစ်လ အရည်ကြည်ဆင်းခြင်း

မေး ။ ကျွန်မရဲ့ သမီးအတွက်ပါ။ သူ့အသက်က ၃၀ပါ ဆရာ။ ပထမသားက ၅နှစ်ပါ။ ဒုတိယသန္ဓေတည်တာ၂လလောက်နဲ့ ကိုယ်ဝန်ပျက်ပါတယ်။ အခုလည်း၂လလောက်ရှိပါပြီ။ အရည်ကြည်ဆင်းတယ်လို့ ပြောပါတယ်ဆရာ။ မကွေးကပါ။ အပြင်အိုဂျီတွေနဲ့လည်းပြနေတာပါ။ အခု အရည်ကြည်ဆင်းတာ ဘာဖြစ်လို့ပါလဲ။ အရင်ဒုတိယသန္ဓေလို မဖြစ်အောင် ဘယ်လိုနေထိုင်စောင့်ရှောက်ရပါ့မလဲဆရာ။
Daw Nwe Oo (FB)

ဒေါက်တာကျော်စွာဦး(ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ) မှ ပြန်လည်ဖြေကြားပေးပါသည် ။
ဖြေ ။ ပထမတစ်ခေါက် ကိုယ်ဝန်ပျက်ကျဖူးတယ်ဆိုတော့ အထူးသတိထားရပါမယ်။ ကိုယ်ဝန်လနုတယ်ဆိုရင် အရည်ကြည်ဆင်းတယ်ဆိုတာ အဖြူဆင်းတယ်လို့လည်း တချို့က သုံးလေ့ရှိပါတယ်။ ကိုယ်ဝန်လရင့်လာရင်တော့ အရည်ကြည်ဆင်းရင် သတိထားရပါမယ်။ ဒါကလည်း ဖြစ်တော့ ဖြစ် တတ်ပါတယ်။ တကယ်လို့များ စိတ်ပူတယ်ဆိုရင် ကိုယ်ပြနေကျ သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့ ပြသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top