Healthy Life Ad
Health Tips

နှလုံးခုန်မမှန်ဖြစ်ခြင်း၏ လက္ခဏာ ခုနစ်ခု

– ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

နှလုံးခုန်နှုန်းမမှန်တာကို သတိမမူဘဲနေတာက အန္တရာယ်များပါတယ်။ ဒါကြောင့် နှလုံးခုန်နှုန်းမမှန်တဲ့လက္ခဏာတွေပေါ်လာရင် ဆရာဝန်နဲ့ပြသဖို့ အရေးကြီးပါတယ်။ ပုံမှန်မဟုတ်ဘဲ ထူးဆန်းတဲ့ နှလုံးခုန်သံနဲ့အတူ တခြားနုန်းတာ၊ အသက်ရှူမဝတာနဲ့ ရင်ဘတ်အောင့်တာစတဲ့ နှလုံးပြဿနာတစ်စုံတစ်ရာရှိနေကြောင်းပြတဲ့ လက္ခဏာတွေပါတွဲပြီး ခံစားနေရရင်၊ နှလုံးခုန်မမှန်တာက အချိန် စက္ကန့် ၃၀ထက်ပိုပြီး ဖြစ်ပေါ်နေရင် ဆရာဝန်နဲ့ပြဖို့ အရေးကြီးပါတယ်။ သင်က အရင်က တစ်ကြိမ်နှလုံးရောဂါထဖူးရင် ဒါမှမဟုတ် သင့်မှာ နှလုံးရောဂါရှိနေရင် နှလုံးခုန်နှုန်းက ပုံမှန်မဟုတ်ဘဲ ပြောင်းလဲတာနဲ့တစ်ပြိုင်နက် ဆရာဝန်နဲ့ ချက်ချင်းတွေ့ဆုံသင့်ပါတယ်။

နှလုံးခုန်နှုန်းမမှန်ကြောင်းပြသသော လက္ခဏာများ

– နှလုံးတုန်ခြင်း၊

– နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ခြင်း၊

– အသက်ရှူမဝခြင်း (အထူးသဖြင့် လေ့ကျင့်ခန်းလုပ်ချိန်နဲ့ စိတ်ဖိစီးမှုခံစားနေရချိန်အတောအတွင်း)၊

– အားနည်းခြင်း၊ ပင်ပန်းနုံးခွေခြင်း

– မူးဝေခြင်း၊ သတိလစ်ချင်သလိုလိုဖြစ်ခြင်း၊

– ရီတီတီ မူးနောက်နောက်ဖြစ်ခြင်း၊

– ရင်ဘတ်အောင့်ခြင်းတို့ပဲ ဖြစ်ပါတယ်။

နှလုံးခုန်သံမမှန်တာကို လူအများစုက ကိုယ့်ကိုယ်ကိုယ် သတိမထားမိတတ်ကြပါဘူး။ တချို့လူတွေက ပုံမှန် ကျန်းမာရေးစစ်ဆေးမှုခံယူရင်းနဲ့ နှလုံးခုန်နှုန်းမမှန်တာကို တွေ့ရှိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top