Healthy Life Ad
Health Tips

အကောင်းဆုံး နှလုံးရောဂါကာကွယ်ရေး နည်းသုံးသွယ်

———၊ ဇွန် ၊———

နှလုံးရောဂါအထူးကု ဆရာဝန်ကေခမ်းက နှလုံးရောဂါကာကွယ်ရေး အကောင်းဆုံးနည်းသုံးသွယ်ကို ဖော်ပြပေးလိုက်ပါတယ်။

နည်းလမ်း (၁) မှန်ကန်သည့် စစ်ဆေးမှုခံယူခြင်း

အီးစီဂျီစစ်ဆေးမှုလို အခြေခံပုံရိပ် ဖော်စစ်ဆေးနည်းတွေဟာ နှလုံးသွေးကြောပိတ်ဆို့မှုကို သိနိုင်ပါတယ်။ တကယ်လို့ စစ်ဆေးမှုကြောင့် သွေးကြောပိတ်ဆို့မှုကို တွေ့ရှိရင် အက်စပရင်ဆေးသောက်တာ၊ ကိုလက်စထရောကျစေတဲ့ အစားအသောက်စားတာ၊ ဗီတာမင်ကေမှီဝဲတာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ စိတ်ဖိစီးမှုထိန်းချုပ်တာတို့ကို လုပ်ဆောင်ပြီး ကာကွယ်သင့်ပါတယ်။

နည်းလမ်း (၂) D သုံးလုံး (Delay – အချိန်ဆွဲခြင်း, Denial – ဆေးကုရန်ငြင်းဆန်ခြင်း, Death – အသက်အန္တရာယ်ထိခိုက်စေခြင်း)ကို ရှောင်ပါ

၅၀ ရာခိုင်နှုန်းလောက်ပဲ ပိတ်ဆို့မှုရှိတဲ့ သွေးလွှတ်ကြောတစ်ချောင်းဟာ နာရီပိုင်းအတွင်း လုံးဝပိတ်ပြီး ပြင်းထန်တဲ့ နှလုံးအမောဖောက်ဝေဒနာ (Heart Attack)ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရင်ဘတ်အောင့်တာ၊ အသက်ရှူမဝတာ၊ ရုတ်တရက် နုံးချည့်မောပန်းတာ စတဲ့ ဝေဒနာတစ်ခုခုရရင် ဘယ်တော့မှ လျစ်လျူမရှုထားပါနဲ့။ ဒီလက္ခဏာတွေက နှလုံးရောဂါ အမောဖောက်လာနိုင်တာကြောင့် ချက်ချင်းစစ်ဆေးမှု ခံယူသင့်ပါတယ်။

နည်းလမ်း (၁) သွေးတွင်းသကြားဓာတ်ကို စောင့်ကြည့်ပါ

မကောင်းတဲ့ ကိုလက်စထရောများတာနည်းတူ သွေးတွင်းသကြားဓာတ်များတာကလည်း နှလုံးအတွက် အန္တရာယ်ပါ။ နောက်ဆုံးလေ့လာမှုအရ မကောင်းတဲ့ ကိုလက်စထရော LDL ကို အောက်ဆီဂျင် ဒါမှမဟုတ် ဂလူးကို့စ်နဲ့ ပြုပြင်မွမ်းမံလိုက်တဲ့အခါ ပိုထိခိုက်စေတယ်လို့ ဆိုပါတယ်။ သွေးတွင်းသကြားဓာတ်များလေလေ၊ ပြုပြင်ထားတဲ့ LDL ကိုလက်စထရောတွေများလေလေ ဖြစ်နေနိုင်တာကြောင့် သွေးတွင်းသကြားဓာတ်အဆင့်ကို တိုင်းတာနေဖို့ လိုအပ်ပါတယ်။

(Ref;RD)

Most Popular

Healthy Life Ad
To Top