– ကိုမိုး
ကိုယ့်ခန္ဓာကိုယ်အနေအထားကို အေးအေးဆေးဆေး၊ သက်သောင့်သက်သာ အနေအထားမျိုးနဲ့နေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် လုပ်ဆောင်နိုင်ပါတယ်။
(၁) မတ်မတ်ရပ်ခြင်း
နောက်ကျောကို နောက်ဘက်ဆန့်ထုတ်ပြီး ပခုံးနဲ့ဦးခေါင်းကို တည့်မတ်တဲ့အနေအထားနဲ့နေပါ။ ဒါက ယုံကြည်မှုရှိတဲ့အသွင် ဖြစ်စေပါတယ်။
(၂) မေးစေ့နှင့် ဦးခေါင်းကို မြှင့်ထားခြင်း
လူကြားထဲ မတ်တပ်ရပ်တဲ့အခါ ဦးခေါင်းနဲ့ မေးစေ့ကို မြှင့်ထားသင့်ပါတယ်။
(၃) အိပ်ကပ်ထဲ လက်မထည့်ခြင်း
အခမ်းအနားတွေမှာ ဘောင်းဘီထဲ လက်ထည့်တဲ့အပြုအမူကို ရှောင်သင့်ပါတယ်။
(၄) လက်ဖဝါးမျာကို ဖွင့်ထားခြင်း
လက်ဖဝါးချင်းယှက်ထားတာထက် လက်ဖဝါးတွေကို ဖွင့်ထားတဲ့ဟန်ပန်က ယုံကြည်မှုပိုရှိစေပါတယ်။
(၅) လက်လှုပ်ခြင်း၊ လက်က တစ်ခုခုကို ခေါက်နေခြင်း
လက်လှုပ်တာ၊ လက်ချောင်းတွေနဲ့ တစ်ခုခုကိုခေါက်နေတာတွေက စိတ်လှုပ်ရှားတာ၊ ပူပင်သောကများတာနဲ့ ကတုန်ကယင်ဖြစ်တာတွေရဲ့ သင်္ကေတတွေပါ။
(၆) မျက်ဝန်းချင်း ဆုံမကြည့်ခြင်း
မျက်ဝန်းချင်းဆုံကြည့်တာက ရိုးသားမှု၊ ခင်မင်မှုနဲ့ယုံကြည်မှုရှိကြောင်း ပြသတဲ့လက္ခဏာတွေပါ။
(၇) ပခုံးဖွင့်ပြီး ရပ်ခြင်း
ခြေထောက်တွေကို နီးနီးကပ်ကပ်ထားပြီး မတ်မတ်ရပ်တာက အထင်အမြင်ကောင်းစေပါတယ်။ ပခုံးတွေကို ဖွင့်ထားပြီးရပ်ပါ။
(၈) ပြုံးခြင်း
ပြုံးတာကခင်မင်ဖွယ်ကောင်းတယ်၊ ရိုးသားမှုရှိတယ်၊ ယုံကြည်ထိုက်တယ်၊ ဆွဲဆောင်မှု ပိုရှိပါတယ်။ စစ်မှန်တဲ့ ပေါင်းသင်းဆက်ဆံရေးအတွက် အပြုံးကအရေးကြီးပါတယ်။
(၉) မြဲမြံစွာ လက်ဆွဲနှုတ်ဆက်ခြင်း
မြဲမြံတဲ့လက်ဆွဲနှုတ်ဆက်ခြင်းက ယုံကြည်မှုကိုပိုရှိစေပါတယ်။
(၁၀) သွက်လက်စွာ လျှောက်လှမ်းခြင်း
ပျင်းရိပျင်းရော လမ်းလျှောက်တာထက်ခပ် သွက်သွက်လျှောက်ပေးရင် အများအမြင်မှာ ယုံကြည်မှုပိုရှိတဲ့အသွင်ဖြစ်စေပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)