Healthy Life Ad
Uncategorized

ဘယ်စွမ်းရည်ကို ပိုတိုးတက်ချင်သလဲ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

သင့်အနေနဲ့ ဘယ်အပိုင်းမှာ ပိုမိုကျွမ်းကျင်မှု ရှိလိုသလဲ။ ဘာသာစကားလား၊ လူမှုဆက်ဆံရေးလား။ ဒီလို ကျွမ်းကျင်မှုစွမ်းရည် ခြောက်မျိုးမှာ သင်ပိုပြီး တိုးတက်ချင်တဲ့အပိုင်းကို ပိုအားထည့်နိုင်ဖို့ နည်းလမ်းတွေကို ဝေမျှလိုက်ပါတယ်။

(၁) ဘာသာစကားကျွမ်းကျင်မှု

ပါဝင်သော ဦးနှောက်အစိတ်အပိုင်း – Left hemisphere

ဘယ်လိုလုပ်ငန်းကို လုပ်ဆောင်သလဲ – အနုပညာဆန်တဲ့ ပုံစံဖြစ်အောင် ဘာသာစကားကို မှတ်သားပေးပါတယ်။

ဘယ်သူတွေက ကျွမ်းကျင်ကျင် အသုံးပြုနိုင်သလဲ- ကဗျာဆရာ၊ စာရေးဆရာ၊ အပြောအဟောသမား။

ဘာသာစကားကျွမ်းကျင်မှု ပိုမိုကောင်းမွန်စေဖို့ ဘာလုပ်သင့်သလဲ – စာများများဖတ်ပါ၊ စကားလုံးဆက်တဲ့ ဂိမ်းတွေကစားပါ၊ ဝေါဟာရဆိုင်ရာ စစ်ဆေးမှုတွေဖြေဆိုပါ။

(၂) တွက်ချက်မှုဆိုင်ရာ ကျွမ်းကျင်မှု

ပါဝင်သော ဦးနှောက်အစိတ်အပိုင်း – Frontal နဲ့ parietal lobes

ဘယ်လိုလုပ်ငန်းကို လုပ်ဆောင်သလဲ – သတင်းအချက်အလက်တွေကို စုဆောင်းပြီး မြန်မြန်နေရာချထားပါတယ်။

ဘယ်သူတွေက ကျွမ်းကျင်ကျင် အသုံးပြုနိုင်သလဲ- သိပ္ပံပညာရှင်တွေ၊ အင်ဂျင်နီယာနဲ့ စာရင်းအင်းပညာရှင်။

တွက်ချက်မှုဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည် ပိုမိုကောင်းမွန်စေဖို့ ဘာလုပ်သင့်သလဲ – ကိန်းဂဏန်းတွေကို တွက်ချက်တဲ့အခါ ဂဏန်းပေါင်းစက်မသုံးဘဲ တွက်ပါ။

(၃) အကွာအဝေးဆိုင်ရာ ကျွမ်းကျင်မှု

ပါဝင်သော ဦးနှောက်အစိတ်အပိုင်း – Right hemisphere

ဘယ်လိုလုပ်ငန်းကို လုပ်ဆောင်သလဲ – အရာဝတ္ထုတွေနဲ့ ပုံစံတွေကို စိတ်မှန်းနဲ့ ပုံရိပ်ဖော်ပါတယ်။

ဘယ်သူတွေက ကျွမ်းကျင်ကျင် အသုံးပြုနိုင်သလဲ- လေယာဉ်မောင်းသမား၊ ဗိသုကာပညာရှင်။

အကွာအဝေးဆိုင်ရာ ကျွမ်းကျင်မှု ပိုမိုကောင်းမွန်စေဖို့ ဘာလုပ်သင့်သလဲ – ချက်စ်ကစားပါ၊ အရုပ်ဆက်ရတဲ့ ဉာဏ်စမ်းတွေကို ဖြေပါ။

(၄) ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်မှု

ပါဝင်သော ဦးနှောက်အစိတ်အပိုင်း- Frontal lobes

ဘယ်လိုလုပ်ငန်းကို လုပ်ဆောင်သလဲ – ဇာတ်ကောင်တွေ၊ တခြားသူတွေရဲ ့ စိတ်ခံစားချက်နဲ့ အလိုဆန္ဒတွေကို တိတိကျကျ ခံစားနားလည်တတ်ပါတယ်။

ဘယ်သူတွေ ကျွမ်းကျင်သလဲ – အရောင်းစာရေး၊ ကျောင်းဆရာ၊ မန်နေဂျာ။

ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်မှု ပိုမိုကောင်းမွန်စေဖို့ ဘာလုပ်သင့်သလဲ – သင့်စကားလုံး၊ ခန္ဓာကိုယ်အပြုအမူနဲ့ အသံတွေရဲ ့ တုန့်ပြန်မှုကို လေ့လာရပါမယ်။

(၅) တေးဂီတဆိုင်ရာ ကျွမ်းကျင်မှု

ပါဝင်သော ဦးနှောက်အစိတ်အပိုင်း – Right hemisphere

ဘယ်လိုလုပ်ငန်းကို လုပ်ဆောင်သလဲ – သံစဉ်တွေရဲ ့မယ်လိုဒီ၊ စည်းချက်ကျနမှု၊ ဂီတအနှေးအမြန်၊ အသံအနိမ့်အမြင့်ကို ခံစားအကဲဖြတ်ပါတယ်။

ဘယ်သူတွေက ကျွမ်းကျင်ကျင် အသုံးပြုနိုင်သလဲ – တေးဂီတသမား၊ တေးရေးဆရာ။

တေးဂီတဆိုင်ရာ ကျွမ်းကျင်မှု ပိုမိုကောင်းမွန်စေဖို့ ဘာလုပ်သင့်သလဲ – သင်နဲ့ ကျွမ်းဝင်ရင်းနှီးမှုမရှိတဲ့ တေးဂီတအမျိုးအစားတွေကို နားထောင်ပါ။

(၆) ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာ ကျွမ်းကျင်မှု

ပါဝင်သော ဦးနှောက်အစိတ်အပိုင်း – Motor cortex

ဘယ်လိုလုပ်ငန်းကို လုပ်ဆောင်သလဲ – ကျက်သရေရှိတဲ့ အပြုအမူ၊ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ တခြားကိုယ်လက်လှုပ်ရှားမှုဆိုင်ရာ စွမ်းရည်

ဘယ်သူတွေက ကျွမ်းကျင်ကျင် အသုံးပြုနိုင်သလဲ – အားကစားသမားတွေ၊ အားကစားခန်းမကို ပုံမှန်သွားပြီး လေ့ကျင့်သူတွေနဲ့ အကသမားတွေ သုံးပါတယ်။

ကိုယ်လက်လှုပ်ရှားမှုစွမ်းရည် ပိုမိုကောင်းမွန်စေဖို့ ဘာလုပ်သင့်သလဲ – လေ့ကျင့်ခန်းကို မှန်မှန်လုပ်ဆောင်ရပါမယ်။ အားကစားလုပ်တဲ့ အသင်းအဖွဲ့တွေနဲ့ ဆက်သွယ်ရပါမယ်။

Most Popular

Healthy Life Ad
To Top