Healthy Life Ad
International

သားအိမ်နှစ်ခုရှိ အမျိုးသမီးသားအိမ်နှစ်ခုလုံးတွင် တစ်ပြိုင်တည်း ကိုယ်ဝန်ရှိ

၊ ကိုထက် ၊

ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ရဲ့ အာထရာဆောင်းအဖြေအရ အမြွှာကိုယ်ဝန်ဖြစ်ကြောင်း သိလိုက်ရချိန်မှာ ဝမ်းသာတတ်ကြပေမယ့် သိပ်ထူးဆန်းတဲ့ အကြောင်းအရာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ အသက် ၃၁ နှစ်ရှိတဲ့ ဂျနီဖာဟာ တစ်ကမ္ဘာလုံးရှိ မှတ်တမ်းမှာတောင် လူတစ်ရာမရှိတဲ့ ရှားပါးလှတဲ့ မွေးရာပါ သားအိမ်နှစ်ခုပါဝင်လာသူဖြစ်ပြီး သားအိမ်နှစ်ခုလုံးမှာ တစ်ယောက်ဆီ ကိုယ်ဝန်ဆောင်ခဲ့သူဖြစ်ပါတယ်။

ဒီလိုသားအိမ်နှစ်ခုပါဝင်လာသူတွေဟာ အများအားဖြင့် သားအိမ်တစ်ခုထဲကသာ ကလေးရနိုင်တာ ဒါမှမဟုတ် တစ်ကြိမ်ကိုယ်ဝန်ဆောင်ရင် သားအိမ်တစ်ခုမှာသာ ကလေးရနိုင်တာ စသဖြင့် မှတ်တမ်းရှိပေမယ့် တစ်ကြိမ်ထဲသားအိမ်နှစ်ခုလုံးမှာ ကလေးရတဲ့ ဖြစ်နိုင်ခြေဟာ ကိုယ်ဝန်ဆောင် သန်းငါးရာမှာ တစ်ယောက်သာဖြစ်နိုင်ခြေရှိတယ်လို့ သိရပါတယ်။

“သားအိမ်နှစ်ခုပါတယ်ဆိုတာကိုက ထူးဆန်းနေပါပြီ၊ သားအိမ်နှစ်ခုလုံးမှာ သားဥတစ်ခုဆီ ကြွေပြီးတစ်ပြိုင်တည်း ကိုယ်ဝန်နှစ်ခါဆောင်တယ်ဆိုတော့ တော်တော်ကိုထူးဆန်းတယ်”လို့ သူက ပြောပြခဲ့ပါတယ်။ ဒါက ဂျနီဖာအတွက် ဒုတိယကိုယ်ဝန် ဖြစ်တယ်လို့သိရပါတယ်။ ဒီတစ်ကြိမ်ကိုယ်ဝန်ဆောင်စဉ်မှာ ပထမအကြိမ်ကထပ် ပိုဖျားတာ၊ နေထိုင်မကောင်းတာတွေဖြစ်တယ်လို့ သိရပါတယ်။ ကိုယ်ဝန် ၅လခန့်ရှိချိန်မှာ အာထရာဆောင်းရိုက်ခဲ့ပြီးမှ ဒီလိုဖြစ်မှန်းသိလိုက်ရတာလို့လည်း ဆိုပါတယ်။

ဆရာဝန်တွေက သားအိမ်နှစ်ခုလုံးမှာရော သားအိမ်ထဲက သန္ဓေသားတွေမှာပါ မူမမှန်တာမရှိဘဲ ပုံမှန်အတိုင်းရှိနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီလိုအဖြစ်မျိုးဟာ ရှားပါးတဲ့အတွက် သားအိမ်တစ်ခုက ပုံမှန်ဖြစ်ပြီး တစ်ခုက နေရာလွဲမှားသန္ဓေတည်တဲ့ ပုံစံဖြစ်ပြီး မမျှော်လင့်တာတွေဖြစ်လာမှာ စိုးတဲ့အတွက် အမြဲစောင့်ကြည့်နေခဲ့ရပါတယ်။ ဒီလိုနဲ့ဂျနီဖာဟာ ကျန်းမာတဲ့ကလေးနှစ်ယောက်လုံးကို အောင်အောင်မြင်မြင်မွေးဖွားနိုင်ခဲ့ပါတယ်။ သားလေးပီရမ်ဟာ ၅ ပေါင် ၁၀အောင်စ အလေးချိန်ရှိပြီး သမီးလေးပေါ်ပီဟာ ၅ပေါင် ၃အောင်စ အလေးချိန်ရှိတယ်လို့ သိရပါတယ်။

ကိုယ်ဝန်ရှိစက ဂျနီဖာရဲ့ အမျိုးသားက အမြွှာလေးလိုချင်တယ်လို့ ဆိုပေမယ့် ဂျနီဖာကတော့ တစ်ယောက်ပဲလိုချင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခုတော့လဲ သူရဲ့စိတ်တွေပြောင်းသွားပါပြီ။ ဂျနီဖာတို့တစ်အိမ်လုံး ထူးဆန်းစွာရောက်လာတဲ့ အိမ်သားအသစ်လေးနှစ်ဦးအတွက် အလွန်အလုပ်ရှုပ်နေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top