Healthy Life Ad
Health Tips

ပုရွက်ဆိတ်အကိုက်ခံရလျှင်

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

ပုရွက်ဆိတ်အကိုက်ခံရတာက ဘာမှမပြင်းထန်ပါဘူး။ ဒါပေမဲ့ တစ်နေ့တာအလှတော့ ထိခိုက်စေနိုင်ပါတယ်။ တစ်ခါတလေ ပုရွက်ဆိတ် ကိုက်ရင်ယားယံတယ်၊ တစ်ခါတလေ နီမြန်းနာကျင်ရပါတယ်။ ပုရွက်ဆိတ်အမျိုးအစားနဲ့ အကိုက်ခံရတဲ့ အကောင်ရေပမာဏပေါ်မူတည်ပြီး ဝေဒနာပြောင်းလဲမှုရှိတာကြောင့် ပုရွက်ဆိတ် အကိုက်ခံရတဲ့အခါ အမြန်သက်သာစေမယ့် နည်းလမ်းကောင်းတွေဝေမျှလိုက်ရပါတယ်။

(၁) ရေခဲကပ်ပေးပါ

ပုရွက်ဆိတ်အကိုက်ခံရတဲ့နေရာကို ရေခဲကပ်ပေးပါ။ စက္ကန့်အနည်းငယ်ကြာ ရေခဲကပ်ပြီး ဖိပေးတာကြောင့် စပ်ဖျဉ်းတဲ့ ခံစားချက်လျော့ပါးပြီး နီးမြန်းရောင်ရမ်းမှုသက်သာစေပါတယ်။ အကြာကြီးတော့ ရေခဲမကပ်သင့်ပါဘူး။

(၂) ပန်းသီးရှလကာရည်

ပုရွက်ဆိတ်အကိုက်ခံရတဲ့ နေရာမှာ ပန်းသီးရှလကာရည်ကို ဂွမ်းဆွတ်ပြီးတို့ပေးပါ။ ပန်းသီးရှလကာရည်က ပိုးသန့်စင်စေတဲ့အပြင် နာကျင်မှုကို သက်သာစေပါတယ်။

(၃) လက်ဆေးဆပ်ပြာရည်

ပုရွက်ဆိတ်အကိုက်ခံရတဲ့နေရာကို အရင်ဆုံး အယ်လ်ကိုဟောအခြေခံ ရေမလိုလက်ဆေး ဆပ်ပြာရည်နဲ့ လိမ်းပေးလိုက်ပါ။ အဲဒီအခါ နီမြန်းယားယံတဲ့ ဝေဒနာလျော့ပါးသွားပါလိမ့်မယ်။

(၄) သွားတိုက်ဆေး

လက်ဆေးဆပ်ပြာရည်လိုပဲ သွားတိုက်ဆေးမှာလည်း အယ်လ်ကိုဟောပါတဲ့အတွက် ပုရွက်ဆိတ်ကိုက်တဲ့နေရာမှာ သွားတိုက်ဆေးပွတ်လိမ်းပေးရင် ယားယံနီမြန်းရောင်ရမ်းတဲ့ဝေဒနာ သက်သာစေပါတယ်။

(၅) လက်ဖက်ဆီ

လက်ဖက်ဆီကို ရေနဲ့ အရင်ဆုံးဖျော်ပြီးမှ ပုရွက်ဆိတ်အကိုက်ခံရတဲ့ နေရာမှာ သုတ်လိမ်းပေးပါ။

(၆) လက်ဖက်ရည်ကြမ်း၊ လက်ဖက်စိမ်းလက်ဖက်ရည်

လက်ဖက်ရည်ကြမ်း၊ လက်ဖက်စိမ်း လက်ဖက်ရည်သောက်ပြီးချိန်မှာ ပိုတဲ့ လက်ဖက်စိမ်းအိတ် ဒါမှမဟုတ် လက်ဖက်ခြောက်ကို ရေခဲသေတ္တာထဲ သိမ်းထားပြီး ပုရွက်ဆိတ်ကိုက်တဲ့ အရေပြားနေရာပေါ် အနည်းငယ် သုတ်လိမ်းပေးပါ။ ဒါဆိုရင် ယားယံမှုနဲ့ ရောင်ရမ်းမှုဝဒနာသက်သာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top