Healthy Life Ad
Health Tips

ပင့်ကူအကိုက်ခံရလျှင်

မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

ပင့်ကူအကိုက်ခံရတဲ့အခါ ပင့်ကူလူသား ဖြစ်သွားလိမ့်မယ် အထင်နဲ့ ငြိမ်မနေလိုက်ပါနဲ့။ နာကျင်နီရဲတဲ့ဝေဒနာ သက်သာစေဖို့နဲ့ ပိုးသေစေဖို့ အရင်ဆုံးဆပ်ပြာ၊ ရေနဲ့ သေချာဆေးကြောပြီး အောက်ပါသဘာဝကုထုံးတစ်မျိုးမျိုးကို လုပ်ဆောင်ပေးလိုက်ပါ။

သဘာဝဆေး (၁) ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ဖြင့် ဆေးကြောပါ
ပင့်ကူကိုက်လို့အဆိပ်မသင့်ရင်တောင် ကူးစက်ပိုးဝင်နိုင်ခြေများပါတယ်။ ပင့်ကူအကိုက်ခံရတဲ့ နေရာကို ဆပ်ပြာ၊ ရေနဲ့ ဆေးပြီးရင်တောင် ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နဲ့ ထပ်မံဆေးပေးပါ။ ဘက်တီးရီးယားပိုး လုံးဝကင်းစင်သွားစေပါတယ်။

သဘာဝဆေး (၂) ပင့်ကူအကိုက်ခံရသည့် နေရာကို ဂေါ်ဖီထုပ်အုပ်ပါ
ပင့်ကူအကိုက်ခံရတဲ့နေရာမှာ သန့်စင်အောင်ဆေးကြောထားတဲ့ ဂေါ်ဖီထုပ်ကို ထောင်းပြီး အုပ်ပေးပါ။ ပြီးရင် ပတ်တီးစည်းထားပေးပါ။

သဘာဝဆေး(၃)ဆော်ဒါမှုန့်ဖျော်ရည်လိမ်းပါ
ပင့်ကူအကိုက်ခံရတဲ့နေရာမှာ ဆော်ဒါမှုန့်ကို ရေနည်းနည်းနဲ့ရောဖျော်ပြီး သုတ်လိမ်းပေးပါ။ ပင့်ကူကိုက်လို့ နာကျင်ယားယံတဲ့ဝေဒနာကို သိသိသာသာ သက်သာသွားစေပါတယ်။

သဘာဝဆေး (၄) အက်စ်ပရင်ကြိတ်ရည် လိမ်းပါ
ပင့်ကူအကိုက်ခံရလို့ဖြစ်တဲ့ နာကျင်မှုသက်သာစေဖို့ အက်စ်ပရင်ကိုကြိတ်ပြီး ရေနည်းနည်းနဲ့ ရောဖျော်ကာ ပင့်ကူအကိုက်ခံရတဲ့နေရာမှာသုတ်လိမ်းပေးပါ။ နာကျင်မှု သက်သာစေပါတယ်။

သဘာဝဆေး (၅) ရေခဲကပ်ပါ
ပင့်ကူကိုက်လို့ဖြစ်တဲ့ရောင်ရမ်းမှု သက်သာစေဖို့ရေခဲကပ်ပေးပါ။ ဒါမှမဟုတ် ရေအေးဝတ်ကပ်ပေးရင်လည်း ရောင်ရမ်းနာကျင်မှုဝေဒနာ သက်သာစေပါတယ်။

သဘာဝဆေး (၆) နနွင်းသံလွင်ဆီ လိမ်းပါ
နနွင်းမှုန့်ကို သံလွင်ဆီအစက်အနည်းငယ်ထည့်ပြီး ပင့်ကူအကိုက်ခံရတဲ့နေရာမှာ သုတ်လိမ်းပေးပါ။ ပင့်ကူကိုက်တာကြောင့်ဖြစ်တဲ့ နာကျင်ရောင်ရမ်းမှုကို သက်သာစေပါတယ်။

သဘာဝဆေး (၇) ပင်လယ်ဆား သုံးပါ
ပင်လယ်ဆားမှာ ဘက်တီးရီးယားပိုးသေစေတဲ့အစွမ်းရှိပါတယ်။ ပင့်ကူအကိုက်ခံရတဲ့ နေရာမှာ ပင်လယ်ဆား နည်းနည်းဖြန်းပေးတာကြောင့် ကူးစက်ပိုးဝင်တာကို သက်သာစေပါတယ်။

သဘာဝဆေး (၈) ကြက်သွန်ဖြူပွတ်ပေးပါ
ကြက်သွန်ဖြူမှာဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ဖန်းဂတ်စ်ပိုးကင်းစင်စေတဲ့ အစွမ်းရှိပါတယ်။ ကြက်သွန်ဖြူတစ်မြွှာကို ပင့်ကူအကိုက်ခံရတဲ့ နေရာမှာ ပွတ်လိမ်းပေးရပါမယ်။

သဘာဝဆေး (၉) ပင်စိမ်းသုံးပါ
ပင်စိမ်းအနည်းငယ်ကို ကြိတ်ပြီး ရလာတဲ့ အရည်ကို ပင့်ကူအကိုက်ခံရတဲ့ နေရာမှာ သုတ်လိမ်းပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top