Healthy Life Ad
Q & A

ပိုးဟပ်နဲ့ ရောဂါများ (Cockroach Diseases)

ဒေါက်တာတင့်ဆွေ

ပိုးဟပ်ကြောင့် မည့်သည့်ရောဂါများ ရတတ်ပါသလဲ။

ကမ္ဘာမှာပိုးဟပ်ဖြစ်လာတာ နှစ်သန်းပေါင်း ၂၉၅-၄၅၄ ရှိပေမဲ့ သူတို့အသွင်သဏ္ဌာန်ကပြောင်းသွားတယ်လို့ မရှိဘူး။ မျောက်လိုကနေ လူဆိုတာ ဖြစ်လာတယ်။ ပိုးဟပ်အမျိုးအစားများတယ်။ သြစတေးလျမျိုးက ၉ cm ရှည်ပြီး၊ ၃၀grams လေးတယ်။ ၃ မီလီမီတာလောက်သာ ပုရွက်ဆိတ်သာသာ ရှည်တဲ့ မြောက်အမေရိကန်မျိုးက အသေးဆုံးဖြစ်တယ်။ အတောင်အကားဆုံးက တောင်အမေရိကန်မျိုး ၇ လက္မအထိရှိတယ်။ Hissing noise ၊ Chirping noise လိုအသံထွက်နိုင်တယ်။ အဆူညံဆုံးက Madagascar ကပိုးဟပ်တွေပဲ။

အဆုတ်ဆိုတာ မပါဘူး။ အမကတသက်မှာ တခါသာ မိတ်လိုက်ပြီး၊ ၈ ဥအုတယ်။ ညမှာသာ လှုပ်ရှားကြတယ်။ ပူတာ စိုတာ ကြိုက်တယ်။ ခြောက်တဲ့ နေရာကြိုက်တဲ့ အကောင်လဲ ရှိပါတယ်။

ပိုးဟပ်တွေနဲ့ဆက်စပ်နေတဲ့ ရောဂါ ခန့်မှန်းခြေ ရောဂါ အမျိုးပေါင်း ၅၀ လောက်ရှိနိုင်တယ်လို့ Terminix International က ပိုးမွှားပညာရှင် Stoy Hedges ကပြောထားတယ်။ Auburn University က entomology လက်ထောက်ပါမောက္ခ Dr. Xing Ping Hu က ပြောတာက ရောဂါတွေ သယ်ဆောင်ပေးနေတာ သေခြာတယ်။ ဗက်တီးရီးယား ၃၂ မျိုး (Salmonella, Staphylococcus, Streptococcus)၊ (ဖန်းဂတ်) လို ၁၇ မျိုး၊ (ပရိုတိုဇိုးဝါး) ၃ မျိုး၊ (ဗိုင်းရပ်စ်) ၂ မျိုးပါတယ်။ ရောဂါတွေက အဆိုးကြီးတွေတော့ မဟုတ်ပါ။ ကူးစက်ရင်တော့ မြန်တယ်။

ရောဂါတွေကတော့ Dysentery ဝမ်းကိုက်၊ Typhoid တိုက်ဖွိုက်၊ Poliomyelitis သူငယ်နာ-အကြောသေ၊ Diarrhea, Gastroenteritis အစာလမ်းရောင်-ဝမ်းပျက်၊ Food poisoning အစာဆိပ်သင့်၊ TB တီဘီ၊ Cholera ကာလဝမ်း၊ Leprosy အနာကြီး၊ Hepatitis အသည်းရောင်၊ Bubonic plague အကျိတ်-ပလိပ်၊ Urinary ဆီးလမ်းပိုးဝင်ခြင်း၊ သိသာတာက Allergic (အလာဂျီ)နဲ့ Asthma ပန်းနာလူနာ ၅၀% က ဒီအကောင်နဲ့ မတည့်ဘူး။

ခြင်တွေ မှက်တွေလိုတော့ ရောဂါပိုးတွေကို သူတို့ကနေ တိုက်ရိုက်သယ်ပို့ပြီး လူတွေကို ကူးစက်စေတာတော့ မဟုတ်ပါ။ ဒီအကောင်တွေက ညစ်ပတ်တဲ့၊ မသန့်တဲ့နေရာတွေလဲ လျှောက်သွားနေတာမို့ သူတို့ကိုယ်မှာ မလိုလားအပ်တာတွေ ပေကျံနေတယ်။ အစားအသောက်တွေကို ပိုးဟပ်ရဲ့သွား ရည်၊ မစင်တွေကနေမသန့်တာတွေ ကူးစက်ပေလာစေတယ်။

ပိုးဟပ်ကို လူတွေ မကြိုက်ကြ၊ မခံနိုင်ကြတာ smell ဆိုးဝါးလွန်းတဲ့အနံ့ ဖြစ်မယ်။ ဆိုးတဲ့ အနံ့က သူတို့ရဲ့ Antena နှာမောင်းလို နေရာက လာတာပါ။ပိုးဟပ်တွေက အသက်ပြင်းတယ် ပြောရမယ်၊ သူတို့ သက်တမ်း ၁ နှစ်သာ ရှိပေမဲ့ ရေမသောက်ဘဲ ၂ ပတ်၊ စားစရာမရှိဘဲ ၁-၃ လ အထိ ရှင်နိုင်တယ်။ ခေါင်းပြတ်သွားတာတောင် ၁ပတ်ကြာ အသက်ရှင် \နေနိုင်တယ်။ ဓာတ်ရောင်ခြည်ကို အတော်ခံနိုင်တယ်။ အနုမြူစစ်ပွဲ ဖြစ်ရင် လူတွေသေပြီး၊ ဒီအကောင်တွေ ကျန်နေမယ်တဲ့။ Fruit fly တွေလောက်တော့ မခံနိုင်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top