Healthy Life Ad
Health Tips

ရာသီဥတု အပူအအေးအပြောင်းအလဲကြောင့် ခေါင်းကိုက်နေသလား

၊ လရိပ်မေ ၊

နေပူဒဏ်ခံရလိုက်၊ အဲကွန်းခန်းထဲဝင်လိုက် . . အဲဒီလို အပူအအေးပြောင်းလဲမှုနဲ့ အနေအထိုင် မှားယွင်းမှုတို့ကြောင့် မကြာခဏ ခေါင်းကိုက်တတ်သူတို့အတွက် ဝေဒနာသက်သာစေမယ့် သဘာဝနည်းတွေကို ရေးသားလိုက်ရပါတယ်။

– ငြိမ်သက်ပြီး မှောင်တဲ့အခန်းတစ်ခန်းထဲမှာ အနားယူပါ။ ဒါဆိုရင် ညဘက်မှာ အိပ်ရေးဝ၀ အိပ်မောကျပါလိမ့်မယ်။

– ပခုံးနဲ့ လည်ပင်းရှိ ကြွက်သားတွေကို နှမ်းဆီလိမ်းကာ စက်ဝိုင်းပုံစံအတိုင်း ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ ပြီးရင် ကြက်သီးနွေးရေနဲ့ ရေချိုးပါ။

– ခေါင်းနာကျင်ကိုက်ခဲမှု သက်သာစေဖို့ အပူကုထုံးကိုသုံးပါ။ ရေနွေးအိတ်ကို တဘတ်နဲ့ပတ်ပြီး ခေါင်းပေါ်ကပ်ပေးပါ။

– ယောဂလေ့ကျင့်ခန်း၊ အသက်ပြင်းပြင်းရှူသွင်း/ရှူထုတ်တဲ့ လေ့ကျင့်ခန်း၊ အနားယူတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပေးပါ။

– စားပွဲ၊ ကွန်ပျူတာထိုင်ခုံမှာ အလုပ်လုပ်ရသူဖြစ်ရင် မကြာခဏထရပ်ပြီး လမ်းလျှောက်ပေးပါ။ ဒါမှသာ လည်ပင်းနဲ့ ပခုံးရှိတင်းအားတွေ လျော့ပါးသက်သာ သွားပါလိမ့်မယ်။

– ပုံမှန် မျက်စိစစ်ဆေးမှုပြုလုပ်ပါ။

– သင့်တော်တဲ့ အာဟာရ၊ လေ့ကျင့်ခန်းနဲ့ အကောင်းမြင်တဲ့ အတွေးတွေရှိရင်ခေါင်းကိုက်ဝေဒနာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

– အယ်လ်ကိုဟောနဲ့ ကဖင်းအလွန်အမင်း သောက်တာကိုရှောင်ပါ။ ဆေးလိပ်မသောက်ပါနဲ့။

– အနီရောင်အသားနဲ့ အဆီအအိမ့်တွေကို တတ်နိုင်သမျှ လျှော့စားပါ။

– ချင်းပြုတ်ရည်က ထွက်လာတဲ့အငွေ့ကို ရှူရှိုက်ပေးရင် ခေါင်းကိုက်ဝေဒနာကို သက်သာစေပါတယ်။

– နံနက်တိုင်း ပန်းသီးတစ်လုံးကို ဆားနည်းနည်းနဲ့တို့ပြီး စားပေးရင် ခေါင်းကိုက်ဝေဒနာ သက်သာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top