Healthy Life Ad
International

ဘိုထိုင်အိမ်သာတက်ပြီး ရေဆွဲမချမီ အိမ်သာအဖုံးကို ပိတ်သင့်

ကိုထက်

ဘိုထိုင်အိမ်သာတက်ပြီးချိန်မှာ ရေဆွဲမချခင် အိမ်သာအဖုံးကို ပိတ်သင့်တယ်လို့ ဆိုပါတယ်။ အိမ်သာအဖုံးမပိတ်ဘဲ ရေဆွဲလိုက်ရင် မစင်အမှုန်အမွှားနဲ့ တခြားအစက်တွေက လေထဲကို ပြန့်သွားပြီး တွဲလျက် ရေချိုးခန်းနံရံတွေ၊ ရေချိုးခန်းသုံးပဝါတွေမှာ ကပ်ငြိနေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

လူအများက ဘိုထိုင်အိမ်သာတက်ပြီးချိန်မှာ အဖုံးပိတ်ပြီးမှ ရေဆွဲချဖို့ မေ့လျော့နေတတ်ပါတယ်။ အဖုံးမပိတ်ဘဲ ရေဆွဲချတာကြောင့် ရေချိုးခန်းထဲရှိသမျှ သွားတိုက်တံ၊ တဘက်နဲ့ နံရံတွေမှာတောင် ဘက်တီးရီးယားပိုးတွေ ကပ်ငြိသွားနိုင်ပါတယ်။ ဒီလိုအခြေအနေက အန်စေတဲ့ ပိုးမွှား ဒါမှမဟုတ် နိုရိုဗိုင်းရပ်စ်လို အန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ်ပိုးအန္တရာယ်ကို မြင့်တက်စေနိုင်တယ် လို့ သတိပေးထားပါတယ်။

ယေဘုယျအားဖြင့် တစ်နေ့တာအတွင်းမှာ လူတစ်ယောက်က အိမ်သာရေဆွဲချတဲ့ အကြိမ်ရေ ခြောက်ကြိမ်ကျော်ရှိတယ်လို့ စစ်တမ်းတစ်ခုက ဆိုပါတယ်။ ဒီအနေအထားဟာ အိမ်သာအဖုံးကို မပိတ်ဘဲ ရေဆွဲချရင် အိမ်သာနဲ့ ရေချိုးခန်းတွဲလျက် ဒါမှမဟုတ် လိုက်ကာပဲ ခြားတဲ့ အခြေအနေတွေမှာ ပိုးမွှားများစွာ ကပ်ငြိသွားနိုင်တယ်လို့ သုံးသပ်ဖော်ပြထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top