Healthy Life Ad
Health Tips

ဘိုထိုင်အိမ်သာသုံးရာတွင် သတိပြုရမည့် အချက်ငါးရပ်

စူး (ဆေးဝါးတက္ကသိုလ်)

ဘိုထိုင်အိမ်သာတက်ချိန်မှာ ကိုယ့်ကျန်းမာရေး ထိခိုက်မှုမဖြစ်ဘဲ ရှောင်သင့်၊ လိုက်နာသင့်တဲ့ နည်းလမ်းကောင်းတွေကို မျှဝေလိုက်ပါတယ်။

(၁) အိမ်သာတက်ပြီး တံခါးဖွင့်ထားခြင်း

အိမ်သာထဲမှာ ဘက်တီးရီးယားပိုး အမြောက်အများရှိပြီး ကိုယ်နံ့ဆိုးတွေလည်း ကျန်ခဲ့ပါတယ်။ အိမ်သာတက်ပြီးတာနဲ့ အိမ်သာတံခါးဖွင့်ထားရင် ဘက်တီးရီးယားတွေက အခန်းအပြင်ဘက်ရှိ လေထုထဲ ချက်ချင်းပျံ့နှံ့သွားတတ်ပါတယ်။ အိမ်သာတံခါးကိုပိတ်ထားတာ အကောင်းဆုံးပါ။ ဘိုထိုင်အိမ်သာအဖုံးကိုဖွင့်ထားပြီး အခန်းတံခါးက လေဝင်လေထွက် ကောင်းနေပါစေ။ ဒါက ပိုစိတ်ချရပြီး အခန်းတွင်း လေထုပိုသန့်စင်စေပါတယ်။

(၂) ရေဆွဲချချိန်တွင် ဘိုထိုင်အိမ်သာအဖုံး ပိတ်မထားခြင်း

ဘိုထိုင်အိမ်သာတက်ပြီး ရေဆွဲချချိန်မှာ အဖုံးပိတ်မထားရင် သေးငယ်တဲ့ ရေစက်တွေနဲ့အတူ ဘက်တီးရီးယားပိုးတွေက လေထုထဲပျံ့နှံ့ ပြီး ကူးစက်ပိုးဝင်လွယ်စေပါတယ်။ ဘက်တီးရီးယားပိုးတွေက အိမ်သာထိုင်ခုံကနေ အမြင့်ပေ နှစ်မီတာလောက်အထိ ပျံ့နှံ့ပြီး အိမ်တွင်းလေထုထဲမှာ ပျံ့နှံ့ရှင်သန်နေနိုင်ပါတယ်။ ဒါကြောင့် အိမ်သာတက်ပြီး ရေဆွဲချတော့မယ်ဆိုရင် အိမ်သာအဖုံးကို ပိတ်ပြီးဆွဲချပါ။

(၃) ဆီးသွားပြီးနောက် အကြိမ်များများ သန့်စင်ခြင်း

ဆီးသွားပြီးချိန်မှာ တချို့လူတွေက ကိုယ့်လိင်အင်္ဂါကို အကြိမ်များများသန့်စင်တဲ့ အကျင့်ရှိတတ်ပါတယ်။ အိမ်သာသုံးစက္ကူနဲ့ အကြိမ်များများ ပွတ်သပ်သန့်စင်ပေးရင် စအိုတဝိုက်အရေပြားမှာ သေးငယ်တဲ့ ပြတ်ရှရာထင်ပြီး ရောင်ရမ်းမှုဖြစ်စေနိုင်ပါတယ်။ အိမ်သာသုံးစက္ကူတိုင်း အရည်အသွေးစစ်မှန်ပြီး အန္တရာယ်ကင်းကြောင်း အာမခံထားတာ မဟုတ်တဲ့အတွက် စအိုတဝိုက်အရေပြားမှာ အသုံးများလွန်းရင် ပွန်းပဲ့ကာ ပိုးဝင်လွယ်စေနိုင်ပါတယ်။

(၄) ဘိုထိုင်အိမ်သာပေါ်တွင် စာအုပ်ဖတ်ခြင်းနှင့် ဖုန်းပွတ်ခြင်း

ဘိုထိုင်အိမ်သာသုံးချိန်မှာ လူအများစုက စာအုပ်ဖတ်တာ၊ ဖုန်းပွတ်တာတို့ လုပ်နေရင် အိမ်သာတက်တဲ့အထဲ အာရုံမရှိတော့ပါဘူး။ ဒါက ဦးနှောက်ရဲ့ အမိန့်ပေးလုပ်ငန်းဆောင်တာကို အဟန့်အတားဖြစ်စေပြီး အူလှုပ်ရှားမှုကို ထိခိုက်စေပါတယ်။ အကျိုးဆက်အားဖြင့် ဝမ်းကသွားသင့်သလောက် မသွားတော့ပါဘူး။
နောက်တစ်ချက်က အိမ်သာထိုင်ခုံပေါ် ကြာကြာထိုင်တာကြောင့် လိပ်ခေါင်းဖြစ်လွယ်စေပါတယ်။

(၅) အိမ်သာထဲရှိ အမှိုက်ပုံးက အဖုံးအုပ်မထားခြင်း

အိမ်သာသုံးစက္ကူတွေ သုံးပြီးတဲ့အခါ အမှိုက်ပုံးထဲ လွှင့်ပစ်တတ်ကြပါတယ်။ အဲဒီစက္ကူတွေမှာ အီးကိုလိုင်ပိုးနဲ့ တခြားအန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပိုးတွေ ပါဝင်တတ်တာကြောင့် လေထုထဲပျံ့နှံ့ချိန်မှာ ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အိမ်သာထဲ အမှိုက်ပုံးထည့်ထားရင် အဖုံးပါတဲ့ အမှိုက်ပုံးသုံးပြီး နေ့တိုင်းသန့်စင်ရှင်လင်းပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top