Healthy Life Ad
Health Tips

မကြာ မကြာ ခေါင်းကိုက်တတ်ပါက ဆန်းစစ်သင့်သည့် အပြုအမူများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

လူတွေမှာ အဖြစ်များဆုံး နာကျင်ကိုက်ခဲတဲ့ဝေဒနာထဲမှာ ခေါင်းကိုက်တာလည်း ပါဝင်နေပါတယ်။

– သွားမကြိတ်ပါနှင့်

အစာစားတဲ့အခါကလွဲရင် သွားတွေကို ကြိတ်နေတတ်တဲ့ အကျင့်မလုပ်သင့်ပါဘူး။ သွားတွေကို မကြာခဏကြိတ်ဝါးနေတာကြောင့် ခေါင်းကိုက်တဲ့ဝေဒနာဖြစ်တတ်ပါတယ်။

– မျက်ခုံးပင့်တတ်သည့်အကျင့်ကို ဖျောက်ပါ

မကြာခဏမျက်ခုံးပင့်တတ်တဲ့ အကျင့်ရှိရင် ရပ်လိုက်ပါ။ ဒီအကျင့်ဟာ ခေါင်းကိုက်ဝေဒနာကို တိုးစေနိုင်ပါတယ်။

– ခေါင်းကိုက်သည့်နေရာများကို နှိပ်နယ်ပါ

ခေါင်းကိုက်တဲ့အခါ တောင့်တင်းနေတတ်တဲ့ ကြွက်သားနေရာတွေကို နှိပ်နယ်ပေးတာကြောင့် ကြွက်သားပြေလျော့ပြီး သက်သာရာရစေပါတယ်။

– လေ့ကျင့်ခန်းလုပ်ပါ

ကျန်းမာဖို့အတွက် လေ့ကျင့်ခန်းကို အစားထိုးနိုင်တဲ့ အရာမရှိပါဘူး။ လေ့ကျင့်ခန်းလုပ်တာကြောင့် ကျန်းမာရေး ပြဿနာအများစုကို ဖြေရှင်းပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက အကောင်းဆုံးဆေးတစ်လက်ဖြစ်ပြီး လေ့ကျင့်ခန်းကို ပုံမှန်လုပ်လိုက်တာနဲ့ ခေါင်းကိုက်ဝေဒနာ သက်သာလျော့ပါးသွားမှာ ဖြစ်ပါတယ်။

– ရေသောက်ပါ

ရေသောက်တာကြောင့် ခေါင်းကိုက်ဝေဒနာ ကင်းစင်စေပါတယ်။ ခေါင်းကိုက်တာက ရေဓာတ်ခမ်းခြောက်တာကြောင့် ဖြစ်တတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top