Healthy Life Ad
International

ဆော်ဒါမှုန့်ဖျော်ရည်သောက်ခြင်းဖြင့် ကင်ဆာကုသရာတွင် အထောက်အကူဖြစ်စေနိုင်

၊ ကိုထက် ၊

ဆော်ဒါမှုန့်ဖျော်ရည်က ကင်ဆာဆဲလ်တွေဆီ အလွယ်တကူ ဦးတည်ရောက်ရှိစေတဲ့နည်းနဲ့ ကင်ဆာကိုတွန်းလှန်ရာမှာ အကူအညီပေးတယ်လို့ လေ့လာမှုတစ်ခုအရ တွေ့ရှိခဲ့ရပါတယ်။

မုန့်ဖုတ်ဆော်ဒါလို့ခေါ်တဲ့ ဆော်ဒါမှုန့်ကို ရေနဲ့ ဖျော်သောက်တာကြောင့် ကင်ဆာအကျိတ်အတွင်း ရှိဆဲလ်တွေကို ပိုတက်ကြွစေပြီး ဒီနည်းက ကင်ဆာ ဆေးသွင်းကုသရာမှာ ကင်ဆာဆဲလ်တွေကို မြန်မြန်သေစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

လေ့လာမှုကကြွက်တွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာအကျိတ်နဲ့ အူမကြီးကင်ဆာအကျိတ်တွေကို ဦးတည်ခဲ့တာဖြစ်ပြီး ဆော်ဒါမှုန့်ဖျော်ရည်သောက်တာက ကင်ဆာအကျိတ်တွေထဲက ဆဲလ်တက်ကြွမှုကို အားကောင်းစေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ အဲဒီအခါ ကင်ဆာဆေးသွင်းကုသမှုကို ပိုပြီး ထိရောက်မှုရှိစေကာ ပျောက်ကင်းမှုမြန်ဆန်တာကို တွေ့ရှိခဲ့ရပါတယ်။

“ကင်ဆာအကျိတ်ထဲမှာ ဆဲလ်အမြောက်အများဟာ အောက်ဆီဂျင်ရောက်ရှိမှု ပြတ်တောက်သွားတာကြောင့် စံအဆင့် လျော့ကျကာ အက်စစ်အခြေအနေဖြစ်လာပါတယ်။ ဆော်ဒါမှုန့်ဖျော်ရည် က အက်စစ်ကိုဓာတ်ပြယ်စေတဲ့အတွက် အကျိတ်ရဲ့ အက်စစ်အခြေအနေကို လျော့ကျစေပါတယ်။ ဒီအချိန်မှာ ကင်ဆာဆေးသွင်းကုသမှုလုပ်ရင် ကင်ဆာဆဲလ်တွေကို ထိထိရောက်ရောက် ချေမှုန်းနိုင်သွားပါတယ်”လို့ သုတေသီတွေက ဆိုပါတယ်။

ဆော်ဒါမှုန့်ဟာ ခံတွင်းရနံ့ သင်းပျံ့စေခြင်း၊ အသားအရေကြေးချွတ်သန့်စင်စေခြင်း၊ ကြမ်းပြင် သန့်ရှင်းစေခြင်း၊ ရင်ပူသက်သာစေခြင်း အစရှိတဲ့ ကောင်းကျိုးတွေ ရှိမှန်း လူအများသိပြီးသားပါ။

အခုတွေ့ရှိချက်အရ ဆော်ဒါမှုန့်ဖျော်ရည်ကို ကင်ဆာဆေးသွင်းကုထုံးမခံယူခင် သောက်သုံးထားတာကြောင့် ဆေးကုသမှုမှာအထောက်အကူဖြစ်စေကြောင်းလေ့လာသူတို့က သုံးသပ်ထားပါတယ်။

(Ref;DM)
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top