Healthy Life Ad
Health Tips

ဆယ်လ်မွန်ငါးစားခြင်းကြောင့် ရရှိသော အကျိုးကျေးဇူးများ

၊ ငွေကြယ်စင်ယံ ၊

ဆယ်လ်မွန်ငါးကို အခုချိန်မှာ ဝယ်ယူရရှိနေပါပြီ။ တချို့စားသောက်ဆိုင်ကြီးတွေမှာ ဆယ်လ်မွန်ငါးဟင်းလျာတွေ ရနိုင်ပါတယ်။ ဆယ်လ်မွန်ငါးကို စားတာကြောင့် အသားအရေကို လှပစေတယ်လို့ ဆိုကြတဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိစေတယ်ဆိုတာကို ရေးသားလိုက်ရပါတယ်။

ဆယ်လ်မွန်ငါးမှာ ပရိုတင်းဓာတ် အများအပြား ပါဝင်ပါတယ်။

ဆယ်လ်မွန်ငါးကိုစားပေးရင် အရေပြားကိုတင်းရင်းစေတဲ့ ကော်လာဂျင်နဲ့ ကီရာတင်ထုတ်လုပ်အားကို ကောင်းစေပါတယ်။

မျက်နှာပေါ်မှာ သတိပြုမိလောက်အောင် ပေါ်လွင်ထင်ရှားနေတဲ့ အရေပြားအက်ကွဲတာတွေ၊ အသားအရေခြောက်တာတွေမဖြစ်စေဖို့ ဆယ်လ်မွန်ငါးက ကူညီနိုင်ပါတယ်။

ဆယ်လ်မွန်ငါးကို စားပေးရင် အရေးကြောင်းဖြစ်နိုင်ခြေလျော့နည်းစေပါတယ်။ အကြောင်းကတော့ အိုမီဂါ ၃ ဖက်တီးအက်စစ်အများအပြား ပါဝင်လို့ပါ။

ဆယ်လ်မွန်ငါးဟာ အရေပြားရဲ့ရေဓာတ်နဲ့ အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်တဲ့ စွမ်းအားကို ကောင်းမွန်စေပါတယ်။

ဆယ်လ်မွန်ငါးကို စားပေးရင် စိတ်ဓာတ်ကျတာ၊ အဆစ်တွေ တောင့်တင်းနာကျင်တာနဲ့ ရာသီအကြိုဝေဒနာတွေကို သက်သာစေနိုင်တယ်လို့ ဆေးပညာ လေ့လာမှုတွေအရ အတည်ပြုနိုင်နေပါပြီ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top