Healthy Life Ad
Health Tips

ဆယ်လ်မွန်ငါးစားခြင်းကြောင့် ရရှိသော အသားအရေလှပမှုဆိုင်ရာ အကျိုးကျေးဇူး

ဆယ်လ်မွန်ငါးက ဈေးကွက်ထဲမှာ ပေါပေါများများမတွေ့ရပေမယ့် ငါးသေတ္တာဗူးတွေအနေနဲ့တော့ အဆင်သင့်ရနိုင်ပါတယ်။ ဒါ့အပြင် တချို ့စားသောက်ဆိုင်ကြီးတွေမှာ ဆယ်လ်မွန်ငါးဟင်းလျာတွေ ရနိုင်ပါတယ်။ ဆယ်လ်မွန်ငါးကို စားတာကြောင့် အသားအရေကို လှပစေတယ်လို့ ဆိုကြတဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိတယ်ဆိုတာကို တိတိကျကျ သိရှိစေဖို့ ရေးသားလိုက်ရပါတယ်။

• ဆယ်လ်မွန်ငါးမှာ ပရိုတင်းဓာတ် အများအပြား ပါဝင်ပါတယ်။

• ဆယ်လ်မွန်ငါးကို စားပေးရင် အရေပြားကို တင်းရင်းစေတဲ့ ကော်လာဂျင်နဲ့ ကီရာတင်ထုတ်လုပ်အားကို ကောင်းစေပါတယ်။

• မျက်နှာပေါ်မှာ သတိပြုမိလောက်အောင် ပေါ်လွင်ထင်ရှားနေတဲ့ အရေပြားအက်ကွဲတာတွေ၊ အသားအရေခြောက်တာတွေမဖြစ်စေဖို့ ဆယ်လ်မွန်ငါးက ကူညီနိုင်ပါတယ်။

• ဆယ်လ်မွန်ငါးကို စားပေးရင် အရေးကြောင်းဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ အကြောင်းကတော့ အိုမီဂါ ၃ ဖက်တီးအက်စစ်အများအပြား ပါဝင်လို့ပါ။

• ဆယ်လ်မွန်ငါးဟာ အရေပြားရဲ ့ရေဓာတ်နဲ့ အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်တဲ့ စွမ်းအားကို ကောင်းမွန်စေပါတယ်။

• ဆယ်လ်မွန်ငါးကို စားပေးရင် စိတ်ဓာတ်ကျတာ၊ အဆစ်တွေတောင့်တင်းနာကျင်တာနဲ့ ရာသီအကြိုဝေဒနာတွေကို သက်သာစေနိုင်တယ်လို့ ဆေးပညာလေ့လာမှုတွေအရ အတည်ပြုနိုင်နေပါပြီ။

Most Popular

Healthy Life Ad
To Top