Healthy Life Ad
International

အဆီများသည့် ငါးစားခြင်းဖြင့် နှလုံးရောဂါအန္တရာယ်ကို လျှော့ချနိုင်

၊ ကိုထက် ၊

အဆီများတဲ့ငါးကို တစ်ပတ်လေးကြိမ်စားပေးတာကြောင့် သွေးထဲမှာ ကောင်းတဲ့ကိုလက်စထရောအဆင့်မြင့်တက်စေပြီး နှလုံးရောဂါအန္တရာယ်ကို ကာကွယ်ပေးနိုင်တယ်လို့ လန်ဒန်လေ့လာမှုတစ်ခု အရသိရပါတယ်။ ငါးအဆီက လူ့ခန္ဓာကိုယ်ထဲက ကောင်းတဲ့ကိုလက်စထရောအဆင့်ကို မြင့်တက်စေတယ်လို့ လေ့လာသူတွေကဆိုပါတယ်။

ယခင်လေ့လာမှုတွေအရ ငါးထဲမှာပါတဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာ သွေးတွင်းမကောင်းတဲ့အဆီကို လျော့ကျစေတယ်လို့သိရှိပြီး ဖြစ်ပါတယ်။ အသက် ၄၀နဲ့ ၇၂ နှစ်ကြား ဖင်းနစ်အမျိုးသား၊ အမျိုးသမီး ၁၀ဝ နီးပါးကို လေ့လာခဲ့တဲ့အခါ အဆီများတဲ့ ငါးများများစားသူတွေမှာ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့် လျော့ကျပြီး ကောင်းတဲ့ကိုလက်စထရော အဆင့်မြင့်တက်မှုရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top